သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုလှုံ့ဆော်တဲ့ Twitter အကောင့် ၂ သိန်းကျော် ထပ်ပိတ်


အကြမ်းဖက်မှု လှုံ့ဆော်တဲ့ Twitter အကောင့် ၂ သိန်းကျော် ထပ်ပိတ်
အကြမ်းဖက်မှု လှုံ့ဆော်တဲ့ Twitter အကောင့် ၂ သိန်းကျော် ထပ်ပိတ်

လွန်ခဲ့တဲ့ ၆ လကျော်အတွင်း အကြမ်းဖက်မှုအတွက် လှုံ့ဆော်ရေးသားခဲ့တဲ့ Twitter အကောင့် နောက်ထပ် ၂သိန်း ၃သောင်းခွဲ ကို သုံးစွဲခွင့် ယာယီ ပိတ်ထားကြောင်း Twitter လူမှုကွန်ယက် မီဒီယာကုမ္ပဏီက ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။ Twitter အကောင့် ၃သိန်း ၆သောင်းကို ၂၀၁၅ နှစ်လယ်ပိုင်းကစလို့ ယာယီ ပိတ်ပစ်ခဲ့တယ်လို့ Twitter ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

Twitter အကောင့်တွေကို ၂၀၁၅ ခုနှစ်ကတည်းစပြီး နေ့စဉ်ဆိုသလို ပိတ်လာခဲ့တာ ခုဆိုရင် ၈၀ရာခိုင်နှုန်း အထိတိုးလာတယ်လို့ Twitter ကုမ္ပဏီက ပြောပါတယ်။ အများစုကိုတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးပြီးချင်းမှာပဲ ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ Twitter က ပြောပါတယ်။

Twitter သုံးခွင့် အပိတ်ခံရသူတွေက အခြားနာမည်တမျိုးနဲ့ account သစ်ဖွင့်ပြီး သုံးနေတာကို တားဆီးရေးကိစ္စမှာ တိုးတက်မှုတွေ ရှိခဲ့တယ် လို့ အမေရိကန်အခြေစိုက် Twitter ကုမ္ပဏီကပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်ရေး အကြောင်းရာတွေကို ဖော်ထုတ်ရာမှာ Twitter က အခြား လူမှုကွန်ယက်မီဒီယာတွေနဲ့ ပူးပေါင်းဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ Twitter ဘက်က တားဆီးနိုင်တယ် ဆိုဦးတော့၊ သုံးစွဲခွင့်ယာယီ အပိတ်ခံ ရသူတွေဟာ Twitter ပေါ်၊ ပြန်ရောက်လာကြမြဲဖြစ်ပါတယ်။

IS အစွန်းရောက်အုပ်စုတွေဟာ ၂၀၁၄ စက်တင်ဘာနဲ့ ဒီဇင်ဘာလကြား Twitter အကောင့် အနည်းဆုံး ၄သောင်း ၆ထောင် သုံးခဲ့တယ်လို့ ISIS Twitter Census စာတမ်းပြုစုရာမှာ ဦးဆောင်သူ George Washington တက္ကသိုလ်သုတေသီ Berger ပြောပါတယ်။

လက်ရှိမှာ Twitter ပေါ်ရှိနေတဲ့ ISIS အုပ်စုကွန်ယက်ဟာ ၂၁၀၄ ခုနှစ် စစ်တမ်းကောက်ခဲ့ချိန်တုန်းကထက် ၁၀ ရာခိုင်နှုန်းလောက် လျော့သွားပြီလို့ Berger ပြောပါတယ်။

အကြမ်းဖက်မှု လှုံ့ဆော်တဲ့ Twitter အကောင့် ၂ သိန်းကျော် ထပ်ပိတ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG