သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chibok ပြန်ပေးဆွဲခံ ကျောင်းသူ တချို့ လေကြောင်းရန် ကြောင့် သေဆုံးဟုဆို


ဘိုကို ဟာရမ်းမ်အဖွဲ့ ထုတ်ပြန်သည့် ဗွီဒီယိုမှ ရယူထားသည့်ပုံ။ သြဂုတ် ၁၄၊ ၂၀၁၆။
ဘိုကို ဟာရမ်းမ်အဖွဲ့ ထုတ်ပြန်သည့် ဗွီဒီယိုမှ ရယူထားသည့်ပုံ။ သြဂုတ် ၁၄၊ ၂၀၁၆။

နိုင်ဂျီးရီးယားနိုင်ငံ Chibok ရွာက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူတွေထဲကတချို့ ဟာ နိုင်ဂျီးရီးယားစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့ ရတယ် လို့ ဘိုကို ဟာရမ်မ်း အစ္စလာမ်အစွန်းရောက်တွေက ထုတ်ပြန်လိုက်ပုံရတဲ့ အသစ် ထွက်ပေါ်လာတဲ့ ဗွီဒီယိုထဲမှာ ပြောကြားထားပါတယ်။ ပြန်ပေးဆွဲခံခဲ့ရတဲ့ မိန်းကလေးတွေ ပြန်လွတ်လာဖို့အတွက် အာဏာပိုင်တွေကဖမ်းထား တဲ့စစ်သွေးကြွတွေကို ပြန်လွှွှတ်ပေးလိုက် ပါလို့ ပြန်ပေးဆွဲခံခဲ့ရသူတွေထဲက တဦးလို့ဆိုတဲ့ မိန်းကလေးက အာဏာပိုင်တွေကို ပန်ကြားထားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ Twitter မှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာ ၂၀၁၄ ခုနှစ် ဧပြီလက ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ ၂၇၆ ဦးထဲက တဦးဖြစ်တယ်လို့ ဆိုတဲ့ ခေါင်းမြီးခြုံဝတ်ထားတဲ့ မိန်းကလေးငယ်တဦးက နိုင်ဂျီးရီးယားစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူမရဲ့ သူငယ်ချင်းတချို့ သေဆုံးခဲ့ရတယ် လို့ ပြောပါတယ်။ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူတွေထဲက အယောက် ၄၀ တို့က အစွန်းရောက် တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်ထားတယ် လို့လည်း ပြောပါ တယ်။

နိုင်ဂျီးရီးယားသတင်းထောက် Ahmad Salkida တင်ထားတဲ့ ဗွီဒီယိုထဲမှာလည်း တိုက်ခိုက်ရေးသမားတဦးက ချာဒ့်နိုင်ငံတွင်း လူများစုပြောဆိုတဲ့ Hausa ဘာသာ စကားနဲ့ သတိပေး ပြောဆိုထားပါတယ်။ သမ္မတ မူဟာမာဒူ ဘူဟာရီ အစိုးရအနေနဲ့ ဘိုကိုဟာရမ်းမ်အဖွဲ့ကို စစ်တပ်နဲ့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဒီမိန်းကလေးတွေကို နောက်တကြိမ် တွေ့ရတော့မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။

အခုတော့ မိန်းကလေးတချို့ မသန်စွမ်းဖြစ်နေကြတယ်၊ တချို့က အတော်လေး ဖျားနာနေကြတယ်၊ တချို့ကတော့ ပြောခဲ့သလိုပဲ နိုင်ဂျီးရီးယားစစ်တပ် က လေကြောင်းကနေ ဗုံးကျဲလို့ သေကုန်ကြပြီလို့ တိုက်ခိုက်ရေးသမား က ခေါင်းစည်းပုဝါခြုံထားတဲ့ အမျိုးသမီးငယ် ၄၀ လောက်ရှေ့မှာ ရပ်ပြီး ပြောဆို ခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ သူတို့အဖွဲ့သားတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း အစိုးရကို တောင်းဆိုသွားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Chibok ရွာက ကျောင်းတခုကနေ ကျောင်းသူ ၂၇၆ ယောက် ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်ပြီး အခုအချိန်ထိ ၂၁၈ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG