သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ နဲ့ ၂၀၂၈ နွေရာသီ အိုလံပစ်ပွဲအတွက် ပဲရစ်နဲ့ Los Angeles မြို့တို့ကို ရွေးချယ်မည်


၂၀၂၄ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်မှာ ကျင်းပသွားမယ့် နွေရာသီ အိုလံပစ် အားကစားပွဲတွေကို ပြင်သစ်နိုင်ငံ Paris မြို့နဲ့ အမေရိကန်ပြည်ထောင်စု Los Angeles မြို့တို့မှာ ကျင်းပသွားဖို့ ရွေးချယ်လိုက်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ဇူလိုင် (၁၁) ရက် အင်္ဂါနေ့မှာ ကြေညာလိုက် ပါတယ်။ ဘယ်နှစ်ကျရင် ဘယ်မြို့မှာ ကျင်းပမယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

နိုင်ငံတကာ အိုလံပစ် အားကစားပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရနိုင်ရေးအတွက် ပဲရစ်မြို့ကရော၊ လော့စ်အိန်ဂျလိစ်မြို့ တွေကပါ ကြိုးပမ်းလာခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကို ၁၉၂၄ ခုနှစ်မှာ နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျလိစ် မြို့မှာတော့ ၁၉၈၄ ခုနှစ်တုန်းက နောက်ဆုံး ကျင်းပခဲ့ပါတယ်။

အိုလံပစ်ပွဲ လက်ခံ ကျင်းပခွင့်ရဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်း အားထုတ်နေကြောင်းနဲ့နောက်ဆုံး ရလဒ်ကို စောင့်ကြည့်ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ အင်္ဂါနေ့တုန်းက ရေးသားခဲ့ပါတယ်။ အရွေးချယ်ခံရတဲ့ မြို့စာရင်းကိုတော့ ပီရူးနိုင်ငံ လီမာမြို့မှာ စက်တင်ဘာ (၁၃) ရက်နေ့ကျရင် ကြေညာသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG