သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ပြုပြင်ရေးခေါင်းဆောင် သမ္မတဟောင်း ကွယ်လွန်


အီရန် ပြုပြင်ရေးခေါင်းဆောင် သမ္မတဟောင်းHashemi Rafsanjani Akbar
အီရန် ပြုပြင်ရေးခေါင်းဆောင် သမ္မတဟောင်းHashemi Rafsanjani Akbar

အီရန်နိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး ဦးဆောင်ခဲ့သူလည်းဖြစ်တဲ့ Akbar Hashemi Rafsanjani ကွယ်လွန်သွားကြောင်း နိုင်ငံပိုင် အီရန်ရုပ်သံဌာနက ကြေညာပါတယ်။

အသက် ၈၂ နှစ် အရွယ် Rafsanjani ဟာ နှစ်လုံးရောဂါဝေဒနာ ခံစားရပြီးနောက် မြို့တော် Tehran မြောက်ပိုင်းက ဆေးရုံတရုံမှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားတာဖြစ်ပါတယ်။ နိုင်ငံပိုင်ရုပ်သံမှာ ထုတ်လွှင့်နေဆဲ အစီအစဉ်ကို ကြားဖြတ်ပြီး ကြေညာရာမှာ အစ္စလာမ်ဘာသာနဲ့ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ တသက်တာပတ်လုံး မမောတမ်း ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီးနောက် အခုလို ကွယ်လွန် အနိစ္စရောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၇၉ ခုနှစ်က အစ္စလာမ်တော်လှန်ရေး ခေါင်းဆောင်ကြီး Ayatollah Ruhollah Khomeini ရဲ့ ထိပ်တန်း အကြံပေးတဦးအဖြစ် ရှု့မြင်ခံခဲ့ရသူ Rafsanjani ဟာ တိုင်းပြည်ရဲ့ သမ္မတအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၇ ခုနှစ် အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အီရန်ရဲ့ ဘာသာရေး ဥသျှောင် Ayatollah Ruhollah Khomeini ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက် သူ့ရဲ့အရိုက်အရာကို ဆက်ခံမည့်သူ ရွေးချယ်တဲ့ နေရာမှာ ရတ်ဖ်ဆန်ဂျာနီ ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အီရန်နိုင်ငံမှာ ၄ လအတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ အခုလက်ရှိသမ္မတ Hassan Rouhani လက်ထက်မှာ Rafsanjani ကို အမေရိကန်ပြည်ထောင်စုနဲ့ နျူ ကလီးယားအရေး တိုက်ရိုက် ဆွေးနွေးပွဲတွေမှာ ဦးဆောင်ဆွေးနွေးဖို့ တာဝန်ပေးခဲ့တာပါ။

အီရန် ပြုပြင်ရေးခေါင်းဆောင် သမ္မတဟောင်း ကွယ်လွန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG