သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် အီရန်ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိ


ပျက်ကျလေယာဉ်ကို ရှာဖွေနေစဉ်
ပျက်ကျလေယာဉ်ကို ရှာဖွေနေစဉ်

အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို အီရန်ကူညီကယ်ဆယ်ရေး လုပ်သားတွေ ရောက်နေပြီလို့ အီရန်အစိုးရ သတင်းဌာနက မနေ့ကပဲ သတင်းထုတ်ပြန်ပါတယ်။ လေယာဉ်ပေါ် ပါသွားသူ ၆၅ ဦးစလုံး သေဆုံးလိမ့်မယ်လို့ အီရန် အာဏာပိုင်တွေက ယူဆထားပါတယ်။

Aseman လေကြောင်းလိုင်းဟာ Tehran ကနေ တနင်္ဂနွေမနက်က Isfahan ခရိုင် Yasuj မြို့ကို အသွား Zagros တောင်တန်းပေါ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေပြင်းတွေ တိုက်ခတ်ပြီး နှင်းကျနေတဲ့အပြင် မြူနှင်းတွေပါ ထူထူထပ်ထပ် ကျနေတာမို့ ပျက်ကျတဲ့ နေရာကို ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တွေမကပ်နိုင်ပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ ခရီးမတွင်ပဲ ဖြစ်နေတာပါ။

ဒီလေယာဉ်ပျက်ကျမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း ပြောပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ အီရန်နိုင်ငံ အနေနဲ့ လေကြောင်းလိုင်းတွေမှာ ဟောင်းနွမ်းနေတဲ့ လေယာဉ်တွေကို အသုံးပြုနေရပြီး ဒီနှစ်ပိုင်းတွေမှာ မတော်တဆမှုတွေလည်း တိုးလာနေတာပါ။ နိုင်ငံတွင်းက လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ အတွက် လေယာဉ် ပစ္စည်းတွေလည်း ဝယ်လို့ မရ ဖြစ်နေတာပါ။

ပျက်ကျ လေယာဉ် အီရန်ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG