သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရတ္ဝန္ႀကီးခ်ဳပ္ကို ဒ႐ုန္းယာဥ္နဲ႔ လုပ္ႀကံဖို႔ ႀကိဳးစား


ဝန္ႀကီးခ်ဳပ္ Al-Kadhimi. (ေအာက္တုိဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

အီရတ္ဝန္ႀကီးခ်ဳပ္ကို ဒ႐ုန္းယာဥ္နဲ႔ လုပ္ႀကံသတ္ျဖတ္မႈ မေအာင္မျမင္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ၿမိဳ႕ေတာ္ ဘဂၢဒက္မွာ လုံၿခံဳေရးေတြ တင္းက်ပ္စြာ ခ်ထားပါတယ္။ တိုက္ခိုက္မႈအတြင္း ဝန္ႀကီးခ်ဳပ္ Al-Kadhimi ကေတာ့ ထိခိုက္ဒဏ္ရာရျခင္း မရွိေပမယ့္ ဝန္ႀကီးခ်ဳပ္အတြက္ လုံၿခံဳေရးဝန္ထမ္း ၇ ဦး ထိခိုက္ဒဏ္ရာ ရသြားတယ္လို႔ အီရတ္အရာရွိေတြကို ကိုးကားၿပီး ေအပီသတင္းမွာ ေရးပါတယ္။

အခင္းျဖစ္ပြားၿပီး မၾကာခင္မွာ ဝန္ႀကီးခ်ဳပ္က ႐ုပ္သံကတဆင့္ မိန္႔ခြန္းေျပာၾကားတာမွာေတာ့ သူ႔ရဲ႕ ဘယ္ဘက္လက္ေမာင္းမွာ ပတ္တီးစည္းထားတဲ့ပုံမ်ဳိး ေပါက္ေနတယ္လို႔ သတင္းေတြမွာ ေရးပါတယ္။

တိုက္ခိုက္မႈကို ဘယ္သူျပဳလုပ္တယ္ဆိုတဲ့ ဝန္ခံေျပာဆိုသူ ထြက္မလာေသးေပမယ့္ ဝန္ႀကီးခ်ဳပ္ကို လူသိရွင္ၾကား သတိေပး ၿခိမ္းေျခာက္မႈေတြ မၾကာခန ျပဳလုပ္ေလ့ရွိတဲ့ အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ျပည္သူ႔စစ္အဖြဲ႔လက္ခ်က္ ျဖစ္မယ္လို႔ အမ်ားစုက သံသယရွိေနၾကပါတယ္။ အဲဒီအဖြဲ႔ကေတာ့ သူတို႔မလုပ္ေၾကာင္း ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့လအတြင္း အီရတ္ႏုိင္ငံမွာ က်င္းပခဲ့တဲ့ အေထြေထြေရြးေကာက္ပြဲရလဒ္ကို အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ျပည္သူ႔စစ္အဖြဲ႔က လက္ခံဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ႏိုင္ငံအတြင္း တိုးျမင့္ ျဖစ္ေပၚလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အီရတ်ဝန်ကြီးချုပ်ကို ဒရုန်းယာဉ်နဲ့ လုပ်ကြံဖို့ ကြိုးစား

အီရတ်ဝန်ကြီးချုပ်ကို ဒရုန်းယာဉ်နဲ့ လုပ်ကြံသတ်ဖြတ်မှု မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် မြို့တော် ဘဂ္ဂဒက်မှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားပါတယ်။ တိုက်ခိုက်မှုအတွင်း ဝန်ကြီးချုပ် Al-Kadhimi ကတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိပေမယ့် ဝန်ကြီးချုပ်အတွက် လုံခြုံရေးဝန်ထမ်း ၇ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ အီရတ်အရာရှိတွေကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။

အခင်းဖြစ်ပွားပြီး မကြာခင်မှာ ဝန်ကြီးချုပ်က ရုပ်သံကတဆင့် မိန့်ခွန်းပြောကြားတာမှာတော့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ ပတ်တီးစည်းထားတဲ့ပုံမျိုး ပေါက်နေတယ်လို့ သတင်းတွေမှာ ရေးပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူပြုလုပ်တယ်ဆိုတဲ့ ဝန်ခံပြောဆိုသူ ထွက်မလာသေးပေမယ့် ဝန်ကြီးချုပ်ကို လူသိရှင်ကြား သတိပေး ခြိမ်းခြောက်မှုတွေ မကြာခန ပြုလုပ်လေ့ရှိတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့လက်ချက် ဖြစ်မယ်လို့ အများစုက သံသယရှိနေကြပါတယ်။ အဲဒီအဖွဲ့ကတော့ သူတို့မလုပ်ကြောင်း ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့လအတွင်း အီရတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့က လက်ခံဖို့ ငြင်းပယ်ခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ နိုင်ငံအတွင်း တိုးမြင့် ဖြစ်ပေါ်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG