သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြို့တော်နဲ့ တောင်ပိုင်းမြို့တွေမှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်


အီရတ်ရဲတပ်ဖွဲ့ ပစ်ခတ်ခဲ့သည့် မျက်ရည်ယိုဓာတ်ငွေ့များကြားမှ ဆန္ဒပြသူတချို့။ (နိုဝင်ဘာ ၁၄၊ ၂၀၁၉)
အီရတ်ရဲတပ်ဖွဲ့ ပစ်ခတ်ခဲ့သည့် မျက်ရည်ယိုဓာတ်ငွေ့များကြားမှ ဆန္ဒပြသူတချို့။ (နိုဝင်ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်နဲ့ နိုင်ငံတောင်ပိုင်းက မြို့တွေမှာ ဒီကနေ့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အီရတ်မှာ သီတင်းပတ်နဲ့ ချီနေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံတာကို ပြသလိုတဲ့အပြင် အစိုးရအဖွဲ့ကို အလုံးစုံစစ်ဆေးပြုပြင်ဖို့ တောင်းဆိုခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲဖို့ ကြိုးစားတဲ့ကြားကပဲ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတောင်ပိုင်းက Kut, Najaf, Diwaniyah နဲ့ Nasiriyah မြို့တွေမှာ ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားရပါတယ်။ ရေနံကြွယ်ဝတဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Basra မှာ ဆန္ဒပြသူတွေက ကားတာယာတွေမီးရှို့ပြီး လမ်းတွေ ပိတ်ဆို့ခဲ့သလို နိုင်ငံအလယ်ပိုင်း Hillah မြို့မှာတော့ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဒေသဆိုင်ရာ ဌာနချုပ်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။

အစိုးရအဖွဲ့ တာဝန်က နုတ်ထွက်ပေးတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ဥပဒေပညာရှင် Hassaan al-Tufan က ပြောပါတယ်။

ဆန္ဒပြပွဲတွေရဲ့ အဓိကနေရာဖြစ်တဲ့ မြို့တော် ဘဂ္ဂဒက် Tahrir ရင်ပြင်မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ကျောင်းမတက်ဘဲ စုဝေးခဲ့ကြပါတယ်။

အီရတ်မှာ အလုပ်အကိုင် ရှားပါးမှုနဲ့ မပြည့်စုံတဲ့ အများပြည်သူ ဝန်ဆောင်မှုတွေအပေါ် ပိုပြီး မကျေမနပ် ဖြစ်လာကြတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဆန္ဒပြပွဲတွေ ဖြစ်လာတာပါ။

ဆန္ဒပြသူတွေက လက်ရှိ အာဏာယူထားသူတွေ နုတ်ထွက်ပေးဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုထားကြပါတယ်။

ဘဂ္ဂဒက်နဲ့ အီရတ်တောင်ပိုင်းမှာ ဆန္ဒပြပွဲတွေ စဖြစ်ခဲ့ကတည်းကဆိုရင် လူပေါင်း ၃၀၀ ကျော် သေဆုံးရပြီလည်း ဖြစ်ပါတယ်။

-----------------------------------

(Unicode)





အစိုးရအဖှဲ့ တာဝနျက နုတျထှကျပေးတဲ့အထိ ဆကျပွီး ဆန်ဒပွသှားမယျလို့ ဆန်ဒပွ ဥပဒပေညာရှငျ Hassaan al-Tufan က ပွောပါတယျ။





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG