သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဘုရားကျောင်း တိုက်ခိုက်မှု IS လက်ချက်ဟု ဆို


Saint Etienne du Rouvrayခရစ်ယာန်ဘုရားကျောင်းအနီး လုံခြုံရေးယူနေစဉ်
Saint Etienne du Rouvrayခရစ်ယာန်ဘုရားကျောင်းအနီး လုံခြုံရေးယူနေစဉ်

ပြင်သစ်နိုင်ငံ Normandy မြို့အနီးက ခရစ်ယာန်ဘုရားကျောင်းတခုထဲမှာ ခရစ်ယာန်ဘုန်းကြီးတပါးကို ဓါးနဲ့ထောက် ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သူ နှစ်ဦးဟာ IS စစ်သွေးကြွအဖွဲ့က ဖြစ်တဲ့အကြောင်း စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်နေတဲ့ သတင်းအေဂျင်စီတခုက ပြောပါတယ်။

ရဲတပ်ဖွဲ့က ပစ်သတ်တာ မခံရခင်မှာ တိုက်ခိုက်သူတွေက သူတို့ကိုယ်သူတို့ IS အဖွဲ့ သစ္စာခံသူတွေအဖြစ် ပြောဆိုခဲ့တဲ့အကြောင်း အခင်းဖြစ်ပွားတဲ့ Saint-Etienne-en-Pouvray မြို့ကို သွားရောက်ခဲ့တဲ့ ပြင်သစ် သမ္မတ Francois Hollande က ပြောပါတယ်။ ဒါဟာ IS အဖွဲ့က စစ်ကြေညာလိုက်တာပဲလို့ ဆိုပြီး တရားဥပဒေကို လေးစားလိုက်နာတဲ့ တချိန်တည်းမှာ ဒီစစ်ပွဲကို နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ခိုက်သွားရမှာ ဖြစ်တယ်လို့ သမ္မတ အိုလွန်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က ကြားဝင်တိုက်ခိုက်တဲ့ အချိန်မတိုင်ခင်မှာ တိုက်ခိုက်သူနှစ်ဦးက ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ လည်ကို လှီးလိုက်တာပါ။ ဆိုးရွားလွန်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှုပဲ လို့ဆိုပြီး သမ္မတ အိုလွန်းက ရှုတ်ချပါတယ်။ သေဆုံးသွားတဲ့ ဘုန်းတော်ကြီးနဲ့အတူ နောက်ထပ် ပြန်ပေးဆွဲခံရသူ တဦးဟာလည်း အသက်လုရတဲ့ အခြေအနေမှာ ရှိနေတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ပါ ဖြစ်တယ်ဆိုတာကို သေသေချာချာ မသိရသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကလည်း ပြစ်တင်ရှုတ်ချ ထားပါတယ်။

ပြင်သစ်ဘုရားကျောင်း တိုက်ခိုက်မှု IS လက်ချက်ဟု ဆို
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG