သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးသွားတဲ့ စစ်သွေးကြွ ခေါင်းဆောင်အတွက် လက်စားချေဖို့ IS တို့ အဓိဋ္ဌာန်ပြု


အမေရိကန်တပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ IS ခေါင်းဆောင် Abu Ibrahim al-Qurashi ခိုလှုံရာနေအိမ်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၂)
အမေရိကန်တပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ IS ခေါင်းဆောင် Abu Ibrahim al-Qurashi ခိုလှုံရာနေအိမ်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

အသတ်ခံခဲ့ရတဲ့ IS စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်အတွက် လက်စားချေတဲ့အနေနဲ့ ယူကရိန်းစစ်ပွဲကို အသုံးချပြီး ဥရောပဒေသမှာ တိုက်ခိုက်ကြဖို့ IS အဖွဲ့က သူ့နောက်လိုက်တွေကို ပန်ကြားလိုက်ပါတယ်။

IS စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် Abu Ibrahim al-Qurashi နဲ့ IS အဖွဲ့ ပြောခွင့်ရဟောင်းတို့ သေဆုံးခဲ့ရတာအတွက် လက်စားချေဖို့ IS အဖွဲ့က အသံခွေထုတ်ပြီး အွန်လိုင်းကနေပြောတဲ့ သတင်းစကားမှာ ဖော်ပြထားတာပါ။

ဥရောပဒေသမှာ တိုက်ခိုက်မှုတွေ ပြန်လုပ်ဖို့ IS အဖွဲ့ ပြောခွင့်ရသူ အသစ်တယောက်ဖြစ်တဲ့ Abu-Omar al-Muhajir က သူတို့အဖွဲ့ကို ထောက်ခံသူတွေကို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေချိန်မှာ အခွင့်ကောင်းယူ တိုက်ခိုက်ကြဖို့ ပြောကြားလိုက်တာပါ။

IS အဖွဲ့ခေါင်းဆောင်ဟာ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ ဖေဖော်ဝါရီအစောပိုင်း အမေရိကန်တို့ ဝင်ရောက်စီးနင်းချိန်အတွင်း အဖမ်းမခံရအောင် အသေခံဗုံးခွဲပြီး သေဆုံးသွားတယ်လို့ သမ္မတအိမ်ဖြူနဲ့ အမေရိကန်ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

မတ်လ ၁၀ ရက်မှာတော့ IS အဖွဲ့က သူသေဆုံးကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး သူနဲ့အတူ အဖွဲ့ပြောခွင့်ရပါ သေဆုံးကြောင်းနဲ့ ခေါင်းဆောင်သစ်အဖြစ် Abu Hasan al-Hashemi al-Qurashi ကို အမည်တင်သွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီခေါင်းဆောင်သစ်နဲ့ပတ်သက်ပြီး အနည်းအကျဉ်းသာ သိကြတာပါ။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာ IS အဖွဲ့ သိမ်းပိုက်ထားတဲ့နယ်တွေ ဆုံးရှုံးရသလို အများစုက ပုန်းအောင်းနေရတာ ဖြစ်ပေမယ့် အီရတ်မှာတော့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG