သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ်စ်တို့ ဂါဇာမှာ တိုက်ပွဲပြင်းထန်နေ

ဂါဇာနဲ့နယ်စပ်အနီးမှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ဂါဇာနဲ့နယ်စပ်အနီးမှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟာမတ်စ်စစ်သွေးကြွတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို၊ ပါလက်စတိုင်း အရပ်သားတွေမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ ပိုမိုခက်ခဲလာပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပစ်မှတ် ၂၅၀ ခန့်ကို ပြီးခဲ့တဲ့ ရက်တွေကပဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ပဲ ပြောပါတယ်။

အစ္စရေးတောင်ပိုင်းက လှမ်းမြင်ရတဲ့ ဂါဇာကမ်းမြောင်အတွင်း အစ္စရေးဘက်က လေယာဉ်ဗုံးကြဲအပြီးမြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၃)
အစ္စရေးတောင်ပိုင်းက လှမ်းမြင်ရတဲ့ ဂါဇာကမ်းမြောင်အတွင်း အစ္စရေးဘက်က လေယာဉ်ဗုံးကြဲအပြီးမြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၃)

တနင်္လာနေ့ မွန်းလွဲပိုင်းကစလို့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့အတူ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း သိသိသာသာ ပြင်းထန်လာတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဂါဇာတောင်ပိုင်းက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis (ခန် ရိုနစ်) မြို့ကိုလည်း အစ္စရေးစစ်တပ်က ဝိုင်းရံထားပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကတော့ ဂါဇာမှာရှိတဲ့ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး၊ ခန့်မှန်းခြေ လူဦးရေ ၁ ဒသမ ၉ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ အဲ့ဒီထဲက ၁ သန်းဟာ ဂါဇာတောင်ပိုင်းရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းတွေမှာ မှတ်ပုံတင်ထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်တို့ ဂါဇာမှာ တိုက်ပွဲပြင်းထန်နေ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG