သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်းကို အစ္စရေး ဆက်လက် ထိုးစစ်ဆင်


ဂါဇာနဲ့ နယ်စပ် အစ္စရေးတောင်ပိုင်းမှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)
ဂါဇာနဲ့ နယ်စပ် အစ္စရေးတောင်ပိုင်းမှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)

အစ္စရေးတပ်ဖွဲ့တွေက ဂါဇာတောင်ပိုင်းမှာရှိတဲ့ ဟာမတ်စ်စစ်သွေးကြွတွေကို ဒီနေ့မှာ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေ ဘေးကင်းမှုမရှိတာကို စိုးရိမ်ကြောင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်းကို အစ္စရေးလေတပ်က တိုက်ခိုက်နေစဉ်မှာပဲ၊ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis ကိုလည်း အစ္စရေး ခြေလျင်တပ်က တင့်ကားတွေနဲ့ ဝင်ရောက် တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အစ္စရေးဘက်က Khan Younis မြို့ ဒေသခံတွေကို ဘေးလွတ်ရာကို တိန်းရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီဒေသမှာ ရောက်နေတဲ့ လူတွေဟာ အစောပိုင်းက ဂါဇာမြောက်ဘက်ခြမ်း တိုက်ခိုက်မှုကနေ ထွက်ပြေးလာကြသူတွေလည်း ပါဝင်နေပါတယ်။

ဂါဇာနဲ့ နယ်စပ် အစ္စရေးတောင်ပိုင်းမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)
ဂါဇာနဲ့ နယ်စပ် အစ္စရေးတောင်ပိုင်းမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Lynn Hastings က တော့ “ဂါဇာမှာ ဘယ်နေရာကမှ မလုံခြုံသလို သွားစရာနေရာလည်း မရှိတော့ဘူး” လို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အခုဆိုရင် ဂါဇာမှာ အနည်းဆုံး လူပေါင်း ၁၅,၈၉၀ သေဆုံးခဲ့ပြီး အဲဒီအထဲက ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဟာမတ်စ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG