သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ စစ်ဆင်ရေးနယ်မြေက အရပ်သားတွေ တိမ်းရှောင်ဖို့ အစ္စရေးသတိပေး

ဂါဇာဒေသက Khan Younis မြို့ရှိ ကုလသမဂ္ဂ စီစဉ်ပေးထားတဲ့ ယာယီစစ်ရှောင်စခန်းစာသင်ကျောင်းတကျောင်းမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းလူမျိုးများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)
ဂါဇာဒေသက Khan Younis မြို့ရှိ ကုလသမဂ္ဂ စီစဉ်ပေးထားတဲ့ ယာယီစစ်ရှောင်စခန်းစာသင်ကျောင်းတကျောင်းမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းလူမျိုးများ (ဒီဇင်ဘာ ၄၊ ၂၀၂၃)

ဟာမတ်စ် စစ်သွေးကြွတွေကို အစ္စရေးတပ်ဖွဲ့တွေက ကုန်းကြောင်း၊ လေကြောင်း တိုက်ခိုက်နေချိန်မှာပဲ ဂါဇာဒေသက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis မြို့ခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ Khan Younis မြို့ အရှေ့မြောက်ဘက်ခြမ်းရှိ ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေကို ဘေးကင်းစေဖို့အတွက် မြို့ရဲ့တောင်ဘက် ဝေးလံတဲ့နေရာတွေမှာ ခိုလှုံကြဖို့ ညွှန်ကြားထားတာပါ။

Khan Younis ဒေသဟာဂါဇာကမ်းမြောင်တောင်ပိုင်းမှာတည်ရှိပြီး အစ္စရေးက ဂါဇာမြောက်ပိုင်းမှာ ဟာမတ်စ် အဖွဲ့ကို စတင်တိုက်ခိုက်ကတည်းက အရပ်သားအများအပြား ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အစ္စရေးဘက်က အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်နိုင်ဖို့အတွက် ကြေညာချက်တွေ အများအပြားထုတ်ခဲ့ တယ်ဆိုပေမဲ့၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဆက်သွယ်မှု အခက်အခဲတွေ ရှိနေတဲ့အတွက် ဒေသခံတွေ သတင်းရယူဖို့ ခက်ခဲနတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ထောက်ပြပါတယ်။

ဂါဇာမှာခန့်မှန်းခြေအားဖြင့်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိုးအိမ်တွေကနေ ရွှေ့ပြောင်းနေထိုင် နေကြရပြီး၊ လူပြည့်ကျပ်နေတဲ့ ယာယီအကာအကွယ်ပေးရေးနေရာတွေမှာ နေထိုင်နေရတယ်လို့ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

သီတင်းတပတ်ကြာအစ္စရေး-ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ရပ်တန့်သွားပြီးနောက် အစ္စရေးဘက်က တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း အနည်းဆုံး ၃၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး၊ အောက်တိုဘာလကတည်းက သေဆုံးသူဦးရေမှာ ၄ သောင်းကျော်ရှိပြီး လူပေါင်း ၁၅,၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဂါဇာဒေသ စစ်ဆင်ရေးနယ်မြေက အရပ်သားတွေ တိမ်းရှောင်ဖို့ အစ္စရေးသတိပေး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG