သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း Khan Younis မြို့ အစ္စရေးတပ်တွေဝင်ရောက်


ခန်ယူနစ်စ်မြို့မှာ အစ္စရေးဗုံးကြဲတိုက်ခိုက်ခံရပြီးနော် ပျက်စီးသွားတဲ့အဆောက်အဦးတွေကြားမှာ လည့်လည်ကြည့်ရှုနေတဲ့ ပါလက်စတိုင်းများ။ ​(ဒီဇင်ဘာ ၁၊ ၂၀၂၃)
ခန်ယူနစ်စ်မြို့မှာ အစ္စရေးဗုံးကြဲတိုက်ခိုက်ခံရပြီးနော် ပျက်စီးသွားတဲ့အဆောက်အဦးတွေကြားမှာ လည့်လည်ကြည့်ရှုနေတဲ့ ပါလက်စတိုင်းများ။ ​(ဒီဇင်ဘာ ၁၊ ၂၀၂၃)

ဂါဇာတောင်ပိုင်းကအကြီးဆုံး ခန်ယူနိစ်မြို့ အဓိကနေရာတွေကို အင်္ဂါနေ့ကတပ်တွေ ဝင်ရောက်သွားပြီလို့ အစ္စရေးက ပြောပါတယ်။ “မြေပြင်ထိုးစစ် စကတည်းကဆိုရင် ဒီနေ့က ခက်ခဲ အပြင်းထန်ဆုံးပါပဲ။ အကြမ်းဖက်သမားတွေ သေတာ၊ သေနတ်နဲ့ချည်းပစ်ခတ်ရတာ၊ မြေပြင်နဲ့ ဝေဟင်ကနေပစ်အားသုံးရတာ စတဲ့ထောင့်တွေက ပြောတာဖြစ်ပါတယ်” လို့ အစ္စရေးတောင်ပိုင်း စစ်ဌာနချုပ်တပ်မှူး ဗိုလ်ချုပ် ယာရောင်န် ဖင်ကယ်လ်မန်း (Maj. Gen. Yaron Finkelman) က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပိုပြီး မြောက်ပိုင်းကျတဲ့ ဂျာဘယ်လ်ယား (Jabalya) နဲ့ ရှုဂျိုင်းယား (Shuja’iyya) ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ တောင်မြောက်ဆက်သွယ်ရာ Salah al-Din ကနေ ဝေးဝေးနေကြဖို့ သတိပေးချက်အသစ်ကိုလည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။

တိုက်နိုင်တဲ့နေရာတွေကနေ လူ ၆ သိန်းကို ထွက်သွားကြဖို့ အစ္စရေးက အမိန့်ပေးခဲ့တယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂဌာန ဂါဇာညွှန်ကြားရေးမှူး Thomas White က ပြောပါတယ်။ ဂါဇာက လူတွေဆီကို အကူအညီပို့ပေးနိုင်တဲ့ အခြေအနေမရှိပါဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာထောက်ထားရေး ပစ္စည်းတွေ ပို့နိုင်အောင် ရာဖားဒေသအနီးမှာ ခဏတာ အပစ်ရပ်ပေးမယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ ပြောပါတယ်။

နှစ်လနီးပါးကြာ ဒီ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုကိုခွင့်ပြုခဲ့တဲ့ နိုင်ငံတကာ အသိုက်အဝန်းအဖို့ ရှက်စရာအပြည့်ပါလို့ ဓားစာခံအရေးမှာ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ကာတာနိုင်ငံရဲ့ခေါင်းဆောင် ရှိတ်တာမင်းဘင် ဟာမက် အယ်လ်သနီ (Sheikh Tamim bin Hamad al-Thani) က ပင်လယ်ကွေ့ ခေါင်းဆောင်တွေကို အင်္ဂါနေ့က မိန့်ခွန်းမှာ ပြောကြားပါတယ်။

ဂါဇာတောင်ပိုင်း Khan Younis မြို့ အစ္စရေးတပ်တွေဝင်ရောက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG