ယီမင်နိုင်ငံမှာရှိတဲ့ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို အစ္စရေးကလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။
ဟူသီသူပုန်တွေက စစ်ရေးလုပ်ငန်းတွေမှာသုံးတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံတွေနဲ့ ဆိပ်ကမ်းတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါ တယ်။ ယီမင်နိုင်ငံ မြို့တော်ဆာနားနဲ့ ပင်လယ်နီဒေသက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hodeida မြို့တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဓါတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတခု ထိမှန်သွားခဲ့ တယ်လို့ ဟူသီသူပုန်တွေရဲ့ သတင်းမီဒီယာက ဖော်ပြပါတယ်။
အဲဒီမတိုင်လေးမှာပဲ ယီမင်နိုင်ငံကပစ်လိုက်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ ဟူသီသူပုန်တွေဟာ အစ္စရေးနိုင်ငံကို ဦးတည်ပြီး ဒုံးကျည်အမြောက်အများ ပစ်လွှတ်ခဲ့သလို ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ ဒေသထဲမှာရှိတဲ့ သင်္ဘောတွေကိုလည်း ဒရုန်းတွေ ဒုံးကျည်တွေနဲ့ပစ်နေတာ တနှစ်ကျော်လောက်ရှိသွားပြီ ဖြစ်ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေကတော့ အစ္စရေးနဲ့ဟာမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲကာလအတွင်း ပါလက်စတိုင်း တွေနဲ့ သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ သူတို့ရဲ့စစ်ရေးလှုပ်ရှားမှု လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဟာမတ်စ်အဖွဲ့ကိုရော ဟူသီသူပုန်တွေကိုပါ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားပါတယ်။
Forum