သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tel Aviv အတိုက်ခိုက်ခံရမှု ယီမင်ကဟူသီကို အစ္စရေး လက်တုန့်ပြန်


ဟူသီတွေထိန်းချုပ်ထားတဲ့ ရေမင်နိုင်ငံ Hodeida ဆိပ်ကမ်း မီးလောင်နေစဉ် ဇူလိုင်လ ၂၀ ရက် ၂၀၂၄
A handout picture from Yemen's Huthi Ansarullah Media Center. Yemeni rebel-held port city of Hodeida on Jul 20, 2024.
ဟူသီတွေထိန်းချုပ်ထားတဲ့ ရေမင်နိုင်ငံ Hodeida ဆိပ်ကမ်း မီးလောင်နေစဉ် ဇူလိုင်လ ၂၀ ရက် ၂၀၂၄ A handout picture from Yemen's Huthi Ansarullah Media Center. Yemeni rebel-held port city of Hodeida on Jul 20, 2024.

ဟူသီသူပုန်တွေက သောကြာနေ့မှာ ယီမင်ကနေ ဒရုန်းနဲ့ Tel Aviv ကို တိုက်ခိုက်တဲ့ အတွက် ယီမင်အနောက်ပိုင်းမှာ ရှိတဲ့ ဟူသီသူပုန် ပစ်မှတ် အများအပြားကို စနေနေ့မှာ ပြန်လည်တိုက်ခိုက်ခဲ့တယ်လု့ိ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဟူသီသူပုန်တွေက သောကြာနေ့မှာ ယီမင်ကနေ ဒရုန်းနဲ့ Tel Aviv ကို တိုက်ခိုက်တဲ့ အတွက် ယီမင်အနောက်ပိုင်းမှာ ရှိတဲ့ ဟူသီသူပုန် ပစ်မှတ် အများအပြားကို စနေနေ့မှာ ပြန်လည်တိုက်ခိုက်ခဲ့တယ်လု့ိ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒါဟာ အောက်တိုဘာ အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကစပြီး ယီမင်မြေပေါ်ကို အစ္စရေးက ပထမဆုံး အကြိမ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဟူသီတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ယီမင်အနောက်ပိုင်း Hodeidah ဆိပ်ကမ်းမြို့က စစ်ရေးပစ်မှတ် အများအပြားကို ထိမှန်ခဲ့ကြောင်းနဲ့ ဒါဟာ မကြာခင် လတွေ အတွင်း အစ္စရေးကို ရာနဲ့ချီတဲ့ တိုက်ခိုက်မှုတွေ အတွက် တုန့်ပြန်တာ ဖြစ်ကြောင်းလည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဟူသီပြောခွင့်ရ မိုဟာမက် Abdulsalam ကတော့ အစ္စရေးဟာ၊ ယီမင်ဓါတ်ဆီသိုလှောင်ကန်တွေ၊ ဓါတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတယ်လို့ ပြောပါတယ်။ ဒါဟာ ယီမင်ပြည်သူတွေ ပိုဒုက္ခရောက်လာပြီး ဂါဇာက ပါလက်စတိုင်းတွေကို ထောက်ခံမှု ရပ်ဆိုင်းအောင် ဖိအားပေးတာ ဖြစ်ပေမယ့် ယီမင်ဘက်ကတော့ ဂါဇာကို ပိုပြီး ထောက်ခံအားပေးဖို့ ဖြစ်လာနေတယ် လို့ လူမှုမီဒီယာ X မှာ ရေးပါတယ်။

ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာ Al-Masirah မှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းမှာရှိတဲ့ ဓါတ်ဆီနဲ့ ဒီဇယ်ဆီ သိုလှောင်ကန်တွေ အပြင် ဓါတ်အားပေးကုမ္ပဏီ ကိုပါ ထိမှန်ပျက်စီးပြီး ဓါတ်အား ပြတ်တောက်မှု တွေနဲ့ အတူ သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

သောကြာနေ့ ဟူသီတွေရဲ့ အစ္စရေးက Tel Aviv တိုက်ခိုက်မှုမှာတော့ တဦးသေဆုံးပြီး အမေရိကန်သံရုံးနားမှာတော့ ၁၀ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။

Tel Aviv အတိုက်ခိုက်ခံရမှု ယီမင်ကဟူသီကို အစ္စရေး လက်တုန့်ပြန်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG