သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်က ဟူသီမြေအောက်သိုလှောင်ရုံ ၃ ခု ကန်တိုက်ခိုက်


ယီမင်နိုင်ငံ ဆာနာ မြို့တော်မှာ ဟူသီ အဖွဲ့ထောင်ခံသူတွေ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေနဲ့ အတူရပ်တည်ကြောင်း မတ်လ ၂၂, ၂၀၂၄ ခုနှစ်က ပြသခဲ့ကြတဲ့ မြင်ကွင်း တခု။ ဓာတ်ပုံ - ရိုက်တာ/ ခါလစ် အဗ္ဗဒူလာ
ယီမင်နိုင်ငံ ဆာနာ မြို့တော်မှာ ဟူသီ အဖွဲ့ထောင်ခံသူတွေ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေနဲ့ အတူရပ်တည်ကြောင်း မတ်လ ၂၂, ၂၀၂၄ ခုနှစ်က ပြသခဲ့ကြတဲ့ မြင်ကွင်း တခု။ ဓာတ်ပုံ - ရိုက်တာ/ ခါလစ် အဗ္ဗဒူလာ

အီရန်ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံက ဟူသီအဖွဲ့ဟာ ပင်လယ်နီထဲမှာ နိုင်ငံတကာက သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် သူတို့ အသုံးပြုနေတဲ့ မြေအောက်သိုလှောင်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။ “ဒါဟာ ကိုယ့်ဘာသာ ခုခံကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင် တိုက်ခိုက်ခဲ့တာ” အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တပြိုင်တည်းမှာပဲ ယီမင်နိုင်ငံထဲက ဟူသီထိန်းချုပ်နယ်မြေတွေထဲမှာ သောကြာနေ့က အဝေးထိန်း ဒရုန်း လေးစင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ဟူသီတွေဘက်က ပင်လယ်နီထဲကို သင်္ဘောဖျက်ဒုံးကျည် လေးစင်းပစ်လွှတ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ကြောင်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် "အမေရိကန်၊ ညွန့်ပေါင်းအဖွဲ့နဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေထဲက ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းပြောပါတယ်။

ဟူသီအဖွဲ့ဟာ ပါလက်စတိုင်းနဲ့ အတူ ရပ်တည်ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဂါဇာကို အစ္စရေးဘက်က တိုက်ခိုက်နေတာကို တန်ပြန်တဲ့ အနေနဲ့ အေဒင်ပင်လယ်ကွေ့နဲ့ ပင်လယ်နီထဲမှာ အစ္စရေးနဲ ဆက်စပ်နေတဲ့ သင်္ဘောတွေကို နိုဝင်ဘာလကတည်းက စတင်တိုက်ခိုက်ခဲ့နေတာပါ။ အစ္စရေး၊ ဗြိတိန်နဲ့ အမေရိကန် သင်္ဘောတွေအပြင် အစ္စရေး ဆိပ်ကမ်းတွေကို ဦးတည်တဲ့ သင်္ဘောတွေကို ပစ်မှတ်ထားပြီး ယီမင် ကမ်းလွန်က နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းမှာ အရေးပါတဲ့ ဖြတ်သန်းသွားလာမှုကို အနှောင့်အယှက်ပေးနေတာ ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီကို ဖြတ်သန်းရတဲ့ သင်္ဘောတွေအတွက် အာမခံစရိတ်တွေ တိုးမြင့်လာသလို သင်္ဘောကုမ္ပဏီ အများအပြားဟာ ပိုပြီး ဝေးလံတဲ့ အာဖရိက တောင်ဘက်စွန်းတဝိုက်ကို ပတ်သွားရတဲ့ လမ်းကြောင်းကို ပြောင်းပြီး ရွေးချယ်ကြလို့ ကုန်ကျစရိတ်တွေ ပိုများလာနေတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG