သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်က ဟူသီပစ်မှတ်တွေကို အမေရိကန် ထပ်မံ တိုက်ခိုက်


This Jan. 12, 2024, satellite image provided by Maxar Technologies shows damage from airstrikes on a radar site at Sanaa Airport in Yemen.
This Jan. 12, 2024, satellite image provided by Maxar Technologies shows damage from airstrikes on a radar site at Sanaa Airport in Yemen.

ယီမင်က ဟူသီပစ်မှတ်တွေကို အမေရိကန် ထပ်မံ တိုက်ခိုက်

ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီအဖွဲ့တွေကို ပစ်မှတ်ထားပြီး အမေရိကန်က စနေနေ့မနက် အစောပိုင်းမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းက ပထမအကြိမ် တိုက်ခိုက်ခဲ့တာမှာ လိုချင်သလောက် ပစ်မှတ်တွေကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ယူဆတဲ့အတွက် ထပ်မံ တိုက်ခိုက်တာြဖစ်ကြောင်း အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘော USS Carney ပေါ်ကနေ တာဝေးပစ် Tomahawk ဒုံးကျည် အများအပြား နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရေကြောင်းသွားလာမှုတွေကို ဆက်လက် ခြိမ်းခြောက် တိုက်ခိုက်နေတဲ့ ရေဒါဆိုက်တခုကို ဖယ်ရှားဖို့ ခုလို ထပ်မံ တိုက်ခိုက်တာလို့ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှ ဆိုင်ရာ အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲ ဖြတ်သန်း သွားလာနေတဲ့ နိုင်ငံတကာ ကုန်တင်သင်္ဘောတွေကို ထိခိုက်ပျက်စီးအောင် ဟူသီအဖွဲ့တွေက သီတင်းပတ်တွေနဲ့ချီ အနှောက်အယှက်ပြု တိုက်ခိုက်နေတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ယီမင်မှာရှိတဲ့ ဟူသီ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန် စစ်တပ်တွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တိုက်ခိုက်ခဲ့ကြပြီး တရက်ကျော်အချိန်လောက်မှာ ခုလို ထပ်မံ တိုက်ခိုက်တာပါ။

ဟူသီအဖွဲ့တွေ ဘက်ကလည်း သောကြာနေ့မှာ ပဲ့ထိန်းဒုံးဖျက် သင်္ဘောကို ပြန်လည် တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး အမေရိကန် သင်္ဘောတွေကို ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ အမေရိကန်စစ်ဘက် အရာရှိတွေက အတည်ပြု ပြောဆိုပါတယ်။ အမေရိကန်ရဲ့ စနေနေ့က တိုက်ခိုက်မှုအပြီးမှာ ဟူသီတွေဘက်ကလည်း ပြင်းထန် ထိရောက်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့သလို၊ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းက Saada အရပ်မှာ စနေနေ့ကပဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG