သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီသူပုန် ပစ်မှတ်တွေကို အမေရိကန် လေကြောင်းကတိုက်ခိုက်


ယီမင်နိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ ဟူသီသူပုန်များ (မတ် ၉၊ ၂၀၂၄)
ယီမင်နိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ ဟူသီသူပုန်များ (မတ် ၉၊ ၂၀၂၄)

ပင်လယ်နီဒေသ ရေကြာင်းသွားလာမှုတွေကို ခြိမ်းခြောက် တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ ရေအောက် ဒရုန်းနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံး ၁၈ ခုကို အမေရိကန်တပ်ဖွဲ့တွေက မနေ့ တနင်္လာနေ့က တိုက်ခိုက်ခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်အဖွဲ့က စင်္ကာပူနိုင်ငံပိုင် လိုင်ဘေးရီးယားမှတ်ပုံတင် Pinocchio ဆိုတဲ့ ကုန်တင်သင်္ဘောကို သင်္ဘောဖျက် ပဲ့ထိန်းတပ်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ လေကြောင်းကနေ ၆ ကြိမ် တိုက်ခိုက်ခဲ့တာလို့ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသကွပ်ကဲရေးဌာန CENTCOM က ပြောပါတယ်။

ဟူသီတို့ပစ်လိုက်တဲ့ ဒုံးကျည်တွေက သင်္ဘောကို ထိမှန်ခြင်းမရှိသလို ဝန်ထမ်းတွေလည်း ထိခိုက် ဒဏ်ရာရခဲ့တာ မရှိဘူးလို့ CENTCOM က ပြောပါတယ်။ ကုန်တင်သင်္ဘောဟာ ယီမင်နိုင်ငံ၊ Saleef မြို့နဲ့ ကီလိုမီတာ ၁၃၀ လောက် အကွာအဝေးမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဗြိတိသျှ ရေကြာင်းကုန်မှု ကာကွယ်ရေးဌာနက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ ပြောခွင့်ရ Yahya Sarea က ပြောကြားလိုက်ပြီး အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံနေရတဲ့ ဂါဇာက ပါလက်စတိုင်းတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။ မနေ့က စတင်တဲ့ တလကြာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒါန် ဥပုဒ်ကာလအတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့လည်း ဟူသီပြောခွင့်ရ Yahya Sarea က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG