သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီကမ်းခြေအနီး အီရန်ဒုံးအစိတ်အပိုင်းများ ကန်ရေတပ်ဖမ်းမိ


အမေရိကန်စစ်ဘက်ဆိုင်ရာ ဗဟိုအုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဟူသီ (ယီမင်) သူပုန်တွေဆီပို့မယ့် အီရန်လုပ် ဒုံးကျည်အစိတ်အပိုင်းများ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၄)
အမေရိကန်စစ်ဘက်ဆိုင်ရာ ဗဟိုအုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဟူသီ (ယီမင်) သူပုန်တွေဆီပို့မယ့် အီရန်လုပ် ဒုံးကျည်အစိတ်အပိုင်းများ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၄)

အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်က ဟူသီစစ်သွေးကြွတွေဆီ သွားမယ့် အီရန်လုပ် ဒုံးကျည်အစိတ်အပိုင်းတွေနဲ့ တခြားလက်နက်တွေကို ရေတပ် အထူးစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးမိလိုက်တယ်လို့ အမေရိကန်စစ်တပ် က အင်္ဂါနေ့က ပြောပါတယ်။

အာရေဗျပင်လယ်ပြင် ဆိုမာလီကမ်းခြေအနီးက နိုင်ငံတကာ ရေပြင်မှာသွားနေတဲ့ အာရပ်ရွက်လှေတစင်းကို ပြီးခဲ့တဲ့ကြာသပတေးနေ့က လှိုင်းလေပြင်းထန်နေချိန် စီးနင်းရှာဖွေရာမှာ ခုလို တွေ့ရတာဖြစ်ပါတယ်။ စီးနင်းတက်ရောက်စဥ် လှိုင်းပုတ်ခတ်လိုက်တာကြောင့် အမေရိကန် ရေတပ် အထူးစစ်ဆင်ရေးတပ်သားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်တပ်က ဆိုပါတယ်။

အင်္ဂါနေ့မှာပဲ ဟူသီစစ်သွေးကြွတွေက နိုင်ငံတကာရေပြင်မှာသွားနေတဲ့ မောလ်တာ အလံတင်ကုန်တင်သင်္ဘောတစီးကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အင်္ဂါနေ့အစောပိုင်းမှာပဲ ယီမင်နိုင်ငံဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာမှာ အမေရိကန်တပ်တွေက ဟူသီစစ်သွေးကြွတွေရဲ့သင်္ဘောပစ် ပဲ့ထိန်းတပ်ဒုံးကျည် ၄ စင်းကို ဖျက်ဆီးခဲ့ပါတယ်။ ကုလသမဂ္ဂက ဟူသီစစ်သွေးကြွတွေကို လက်နက်လွှဲပြောင်းရောင်းချတာ ပိတ်ပင်ထားပါတယ်။

အီရန်ကတော့ ဟူသီ စစ်သွေးကြွတွေကို လက်နက် မထောက်ပံ့ဘူးလို့ ပြောပါတယ်။ အီရန်ထုတ် နည်းပညာအဆင့်မြင့် ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် အစိတ်အပိုင်းတွေကို ၂၀၁၉ ခုနှစ်ကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေတပ်က ဖမ်းဆီးမိတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG