သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇဘိုလာပစ်မှတ်တွေကို အစ္စရေးလ်တပ်တွေ ဆက်လက်တိုက်ခိုက်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကုလ အထွေထွေညညီလာခံတက်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ရောက်နေခိုက် လက်ဘနွန်မြို့တော် ဘေရွတ်ကို လေကြောင်းတိုက်ခိုက်ဖို့ ညွှန်ကြားနေစဥ်။ (စက်တင်ဘာ ၂၇၊ ၂၀၂၄)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကုလ အထွေထွေညညီလာခံတက်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ရောက်နေခိုက် လက်ဘနွန်မြို့တော် ဘေရွတ်ကို လေကြောင်းတိုက်ခိုက်ဖို့ ညွှန်ကြားနေစဥ်။ (စက်တင်ဘာ ၂၇၊ ၂၀၂၄)

လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာတွေနဲ့တိုက်ပွဲမှာ အစ္စရေးတပ်သား ၈ ဦး သေဆုံးခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာကြေညာပါတယ်။ ဟက်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အကန့်အသတ်နဲ့ မြေပြင်ထိုးစစ်စတင်ခဲ့ပြီး နောက်တနေ့မှာ ခုလို ပြောတာပါ။

ဝန်ကြီးချုပ် Benjamin Netanyahu က သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ဗွီဒီယိုနဲ့ ပြောကြားခဲ့ပြီး သူတို့ဟာ ဆိုးဝါးတဲ့အီရန်နဲ့သူ့မိတ်ဆွေတွေကို ချေမှုန်းဖို့ စစ်ပွဲဆင်နွဲနေတာဖြစ်ပြီး ဒီစစ်ပွဲကို သူတို့အောင်နိုင်ရမှာ ဖြစ်ကြောင်းပြောပါတယ်။ အစ္စရေးတပ်တွေက ဟက်ဇ်ဘိုလာတွေ အခိုင်အမာခြေကုပ်ယူထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို ညဘက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၅ ဦးထက် မနည်းသေဆုံးပြီး ၁၅၆ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အစ္စရေးဟာ အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့ ညနေပိုင်းမှာ အီရန်က အစ္စရေးကို ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး အလုံး ၂၀၀ လောက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒေသတွင်း တင်းမာမှုအခြေအနေ အထူးမြင့်တက်လာခဲ့တာပါ။

ဒါဟာ ဇူလိုင်လထဲ ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဘေရွတ်မှာ ဟက်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah အသတ်ခံရတာအတွက် လက်စားချေတာ ဖြစ်ကြောင်း အီရန်သမ္မတ မာဆု ပဇက်ရှ်ကီရန်က လူမှုမီဒီယာ X မှာ ရေးပါတယ်။ အီရန်ဘက်က ပစ်ခတ်မှုတွေထဲက အများစုကို အစ္စရေးတပ်တွေကို အထောက်အကူပေးနေတဲ့ အမေရိကန် စစ်သင်္ဘောတွေကနေ ကြားဖြတ်ဖျက်ဆီးပေးခဲ့တယ်လို့ အမေရိကန်နဲ့ အစ္စရေးအရာရှိတွေက ပြောပါတယ်။

ဟက်ဇဘိုလာပစ်မှတ်တွေကို အစ္စရေးလ်တပ်တွေ ဆက်လက်တိုက်ခိုက်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG