သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ Al Shifa ဆေးရုံစီးနင်းမှု သေနတ်သမား ၂၀ ကျော် သေဆုံးဟု အစ္စရေးထုတ်ပြန်


အစ္စရေးနဲ့ စစ်သွေးကြွတွေကြားတိုက်ခိုက်မှုတွေကြောင့် ဂါဇာမြို့ အယ်လ်ရှီဖာဆေးရုံကထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ ကမ်းရိုးတန်းအဝေးပြေးလမ်းကနေ Nuseirat ဒုက္ခသည်စခန်းကိုရောက်လာကြစဥ်။ (မတ် ၁၈၊ ၂၀၂၄)
အစ္စရေးနဲ့ စစ်သွေးကြွတွေကြားတိုက်ခိုက်မှုတွေကြောင့် ဂါဇာမြို့ အယ်လ်ရှီဖာဆေးရုံကထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ ကမ်းရိုးတန်းအဝေးပြေးလမ်းကနေ Nuseirat ဒုက္ခသည်စခန်းကိုရောက်လာကြစဥ်။ (မတ် ၁၈၊ ၂၀၂၄)

ဂါဇာဒေသထဲက Al Shifa ဆေးရုံကို မတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ သေနတ်သမား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ အစ္စရေးလ်တပ်ဖွဲ့က ပြောပါတယ်။ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေကတော့ ဒီစစ်ဆင်ရေးမှာ လူအများအပြားသေဆုံးပြီး အဆောက်အအုံတခု ပြင်းထန်စွာ မီးလောင်သွားတယ်လို့ ပြောပါတယ်။

ဟာမတ်စ်ခေါင်းဆောင်တွေက ဆေးရုံကို ထပ်ပြီးအသုံးချနေကြတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေအရ အထူးတပ်ဖွဲ့နဲ့ တိကျတဲ့စစ်ဆင်ရေးဆင်နွှဲခဲ့တာလို့ အစ္စရေးလ်တပ်ကပြောပါတယ်။ ဒီအထူးတပ်ဖွဲ့မှာ ခြေလျင်တပ်တွေနဲ့တင့်ကားတွေလည်းပါဝင်ပါတယ်။ လက်ရှိစစ်ဆေးမေးမြန်းနေတဲ့ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၂၀၀ ကျော် ရှိပြီး ဆေးရုံဝင်းထဲက အကြမ်းဖက်သမား ၂၀ ကျော်ကို သုတ်သင်ဖယ်ရှားခဲ့တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Daniel Hagari ကပြောပါတယ်။

စစ်ဆင်ရေးအတွင်း အစ္စရေးလ်တပ်သားတဦး သေဆုံးခဲ့တယ်လို့ပြောပါတယ်။ ဟာမတ်စ်တို့က ဆေးရုံကို သူတို့ အခြေစိုက်စခန်းအဖြစ် ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အကြမ်းဖက်သမားတွေကိုနေရာပေးထားတယ်လို့လည်း ရေတပ်ဗိုလ်ချုပ် Hagari ကပြောပါတယ်။ အစ္စရေးလ်တို့ကတော့ ဟာမတ်စ်တို့ရဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။

စစ်ပွဲမတိုင်ခင်တုန်းကတော့ အယ်လ်ရှီဖာဟာ ဂါဇာကမ်းမြောင်မှာ အကြီးဆုံးဆေးရုံဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဂါဇာဒေသမြောက်ပိုင်းမှာ တစိတ်တပိုင်းသာလည်ပတ်နိုင်တဲ့ဆေးရုံတခုလည်းဖြစ်ပါတယ်။ ဒီဆေးရုံမှာ အိုးမဲ့အိမ်မဲ့အရပ်သားရာနဲ့ချီတို့ကိုလည်း လက်ခံထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG