သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာမြို့အတွင်းပိုင်းအထိ အစ္စရေးစစ်ဆင်တိုက်ခိုက်


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အစ္စရေးနဲ့ဟာမတ်စ်တို့ကြားတိုက်ပွဲတွေအတွင်း အစ္စရေးရဲ့ ဝေဟင်ရော မြေပြင်ကပါ တိုက်ခိုက်မှုတွေအတွင်း ထွက်ပြေးနေကြရတဲ့ ပါလက်စတိုင်းများ။ (မေ ၁၂၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အစ္စရေးနဲ့ဟာမတ်စ်တို့ကြားတိုက်ပွဲတွေအတွင်း အစ္စရေးရဲ့ ဝေဟင်ရော မြေပြင်ကပါ တိုက်ခိုက်မှုတွေအတွင်း ထွက်ပြေးနေကြရတဲ့ ပါလက်စတိုင်းများ။ (မေ ၁၂၊ ၂၀၂၄)

ဂါဇာဒေသတောင်ပိုင်းက ရာဇာမြို့အတွင်းပိုင်းထဲထိ အစ္စရေးတို့ တနင်္ဂနွေနေ့မှာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်။ အဲဒီမှာခိုလှုံနေတဲ့ ပါလက်စတိုင်းသား တသန်းကျော်တို့ကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ၇ လကြာလာပြီဖြစ်တဲ့ စစ်ပွဲပြီးဆုံးသွားတဲ့နောက်ပိုင်း အစီအစဥ်တွေကို အစ္စရေးလ်ဘက်ကမပေးသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုထားတဲ့ကြားမှာပဲ ခုလိုတိုက်ခိုက်တာပါ။

ပါလက်စတိုင်းသား ၁.၃ သန်းထဲက ၃ သိန်းတို့ဟာ အစ္စရေးလ်ရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းကို လွန်ခဲ့တဲ့လပိုင်းက ထွက်ပြေးလာတာဖြစ်ပြီး ခုတခါမှာလည်း ရာဖာမြို့ အနောက်မြောက်ဘက်က နယ်မြေတခုဆီ ပြောင်းရွှေ့ဖို့ သူတို့ကို အမိန့်ထုတ်ထားပါတယ်။ ပါလက်စတိုင်းသားတွေကို အကာအကွယ်ပေးဖို့ ဒါမှမဟုတ် လူသားချင်းစာနာမှု အကူအညီတွေလုံလောက်စွာပေးမယ့် တိကျတဲ့အစီအစဥ်တွေ အစ္စရေးလ်ဘက်က မပေးသေးဘူးလို့ ဝန်ကြီး Blinken က NBC သတင်းဌာနရဲ့ “Meet the Press” အစီအစဥ်မှာ တနင်္ဂနွေနေ့က ပြောဆိုသွားပါတယ်။

အစ္စရေးလ်အတွက် လက်နက်တွေအဓိကထောက်ပံ့တဲ့အမေရိကန်က ရာဖာကို စစ်ဆင်ရေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးထားပေမယ့်လည်း အစ္စရေးလ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကို အကန့်အသတ်နဲ့ ဆက်လက်ဆောင်ရွက်နေတာပါ။ ရာဖာကို တိုက်ခိုက်တဲ့နေရာအဖြစ်အသုံးပြုမှာ စိုးရိမ်တဲ့အတွက် သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးလ်ကို ၂၂၇ ကီလိုဂရမ်နဲ့ ၉၀၇ ကီလိုဂရမ်ရှိတဲ့ ဗုံးပေါင်း ၃,၅၀၀ ကို ပို့မပေးဘဲ ယာယီဆိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG