သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်

အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်
အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်

အီတလီနိုင်ငံမှာ ဒီကနေ့မနက်ပိုင်းက အားပြင်းတဲ့ ငလျင်တခု ထပ်လှုပ်ပါတယ်။ ဒါဟာဖြင့် လူအသေအပျောက်များတဲ့ ငလျင်တခု ပြီးခဲ့တဲ့သြဂုတ်လမှာ လှုပ်ပြီးကတည်းကဆိုရင် နောက်ထပ်လှုပ်တဲ့ငလျင်တွေထဲက တခုပါ။

ပြင်းအား ၆.၆ ရှိတဲ့ ငလျင်ကြောင့် အီတလီနိုင်ငံ အလယ်ပိုင်းက နေရာအများအပြားမှာ အဆောက်အဦးတွေ ပြိုကျကုန်တယ်လို့ အရပ်ဘက် ကာကွယ်ရေးဌာနက ပြောပါတယ်။ အနည်းအကျဉ်း ဒဏ်ရာရကြတာတွေရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ထား ပါတယ်။ Norcia မြို့နဲ့ ခြောက်ကီလိုမီတာအကွာ မြေတိမ်ပိုင်းမှာ ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်ကို ၁၁၇ ကီလိုမီတာအဝေးမှာရှိတဲ့ ရောမမြို့မှာလည်း သိလိုက်ကြပါတယ်။ Norica မြို့နဲ့ တောင်ခြားနေတဲ့ Umbrian အရပ်က ၁၄ ရာစုနှစ်ဘုရားကျောင်း St. Benedict ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကျောင်းရဲ့မျက်နှာစာပဲ ကျန်ပါတော့တယ်။ အပျက်အစီးပုံတွေရှေ့မှာပဲ ဘုရား ကျောင်းက ဘုန်းတော်ကြီးတွေ ဝတ်ပြု ဆုတောင်းကြပါတယ်။

ဒီမနက်လှုပ်တဲ့ငလျင်ကြောင့် အရင်က မပြိုဘဲကျန်နေသေးတဲ့ အဆောက်အဦးတချို့ပါ ပြိုကျသွးတာကြောင့် ဘာမှမရှိတဲ့အဆင့် ကနေ ပြန်တည်ဆောက်ရပါတော့မယ်လို့ Arquata del Tronto မြို့ရဲ့ ဒုတိယမြို့တော်ဝန် Michele Franchi က Rai ရုပ်သံ သတင်းဌာနကို ပြောပါတယ်။

အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG