သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ အလယ်ပိုင်း အင်အားပြင်းငလျင် ထပ်လှုပ်


အီတလီ အလယ်ပိုင်း အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးနေတဲ့အဆောက်အဦးများ။ (သြဂုတ်-၂၀၁၆)
အီတလီ အလယ်ပိုင်း အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးနေတဲ့အဆောက်အဦးများ။ (သြဂုတ်-၂၀၁၆)

အီတလီနိုင်ငံအလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်း ငလျှင်လှုပ်သွားပြီးတဲ့နောက် Amatrice မြို့မှာ သောကြာနေ့က အားပြင်းတဲ့ နောက်ဆက်တွဲငလျှင်ငယ် ၂ ခုလှုပ်သွားပါတယ်။ ဒီနောက်ဆက်တွဲငလျှင်ငယ်တွေဟာ ပြင်းအား ၄.၃နဲ့ ၄.၇ ရှိတာကြောင့် အဆောက်အအုံတွေပိုပြီး ပျက်စီးသွားစေသလို မီးခိုးတွေ ထွက်လာတာကြောင့် မြို့ခံတွေ ပိုပြီး ကြောက်လန့်သွားခဲ့ကြပါတယ်။

ဗုဓ္ဒဟူးနေ့ မနက်အစောပိုင်း ငလျှင်စလှုပ်တဲ့အချိန်ကတည်းကဆိုရင် နောက်ဆက်တွဲ ငလျှင်ငယ်ပေါင်း ၅၀၀ ကျော်လှုပ်သွားခဲ့ပေမယ့် အများစုက သိပ်တော့ အားမပြင်းပါဘူး။ ဗုဒ္ဓဟူးနေ့က လှုပ်တဲ့ ပြင်းအား ၆.၂ ငလျှင်ကြောင့် သေဆုံး သူပေါင်း ၂၆၇ ဦးရှိသွားပြီလို့ အရပ်ဖက် ကာကွယ်ရေး တာဝန်ရှိသူတွေကပြောပါတယ်။

သေဆုံးသူအများစုက ငလျှင် အပြင်းထန်ဆုံးလှုပ်ခဲ့တဲ့ Amatrice, Arqueta နဲ့Accumoli မြို့ကဖြစ်ပါတယ်။ ငလျှင်ဒဏ်ကြောင့် မြို့တွေလည်း အတော့်ကို ပျက်စီးသွားပါတယ်။ ဒဏ်ရာရသွားတဲ့ လူပေါင်း ၄၀၀ ကျော်လည်း ဆေးကုသမှု ခံယူနေရတယ်လို့ အီတလီ အရပ်ဖက် ကာကွယ်ရေးဌာနက က ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားသားခရီးသွား ၁၂ ဦးထက်မနည်းပါတယ်လို့ ဆိုပါတယ်။ ဒီထဲကသုံးဦးဟာ ဗြိတိန်နိုင်ငံကဖြစ်ပြီး ရိုမေးနီးယားက ခြောက်ဦးနဲ့ စပိန်၊ ကနေဒါနဲ့ အယ်ဆာဗာဒေါနိုင်ငံက တဦးစီပါပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတာနဲ့အမျှ သေဆုံးသူ အရေအတွက် နောက်ထပ် အတည်ပြုနိုင်မယ်လို့ ခန့်မှန်းထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရှာဖွေရေးလုပ်သားတွေနဲ့အတူ အနံ့ခံခွေးတွေက အပျက်အစီးပုံတွေကို တူးဆွဖယ်ရှားရင်း နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG