သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အကြမ်းဖက်မှုအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ ကုလ ကို ITUC ပန်ကြား


စစ်ကောင်စီ အကြမ်းဖက်မှုအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ ကုလ ကို ITUC ပန်ကြား
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာပြင်းထန်တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကိုမြန်မာစစ်တပ်ကအရှိန်မြှင့်လုပ် ဆောင်လာနေတဲ့အတွက် အရေးပေါ်တုံြ့ပန်ဆောင်ရွက်မှုတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ထံကို နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC စာရေးသားတောင်းဆိုလိုက်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ရွက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်အာဏာပိုင်တွေဟာ မြို့နယ်ကျေးရွာတွေအနှံ့ သူတို့ကိုဆန့်ကျင်တယ်လို့ သံသယရှိသူတွေကို စနစ်တကျမူဝါဒချမှတ်ပြီး သတ်ဖြတ်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေတယ်လို့ ITUC အလုပ်သမားအဖွဲ့ချုပ်ကြီးကဖေါ်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ အလွန်ဆိုးရွားလုပ်ရပ်တွေဖြစ်ပြီး၊ ကုလသမဂ္ဂအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ဖို့နဲ့ ကုလသမဂ္ဂကချက်ခြင်း ဝင်ရောက်ပြီး ဒီဆိုးဝါးလှတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင်လုပ်ရမှဖြစ်တယ်လို့ ITUC အဖွဲ့ကြီးရဲ့အတွင်းရေးမှုး Sharan Burrow က ပြောဆိုပါတယ်။

အစိုးရတွေ၊ အဖွဲ့အစည်းတွေက ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေကိုပြောဆိုနေပေမယ့်၊ ဒါတွေဟာအလုပ်အဖြစ်ပါဘူး၊ ဒါကြောင့်ဒီထက်ပိုပြီးထိရောက်အောင်လုပ်ဖို့လိုတယ်လိုလည်း သူကပြောဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ဌာနတချို့ဟာ တရားမဝင်စစ်ကောင်စီနဲ့ ဆက်လက်အလုပ်လုပ်နေတာတွေ၊ ငွေကြေးထောက်ပံမှုအစီအစဉ်တွေကိုဆက်လုပ်နေတာတွေဟာ အလွန်ကိုဘဲစိတ်အနှောက် အယှက်ဖြစ်စရာကောင်းတယ်လို့ Sharan Burrow ကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် NUG အစိုးရကိုလည်းတရားဝင်အသိအမှတ်ပြုဖို့ ITUC နိုင်ငံတကာအလုပ်သမားအဖွဲ့ ချုပ်ကြီးကတောင်းဆိုထားပါတယ်။

..........................................

တိုက်ရိုက် လင့်ခ်



{{Unicode}}






XS
SM
MD
LG