သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ၁၀ လအၾကာ ဒုကၡသည္ျပႆနာ ဆိုးရြားလာ


ယခင္မွတ္တမ္းဓါတ္ပုံ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတာ ၁၀ လၾကာလာခ်ိန္မွာ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ျပစ္ ထြက္ေျပးေနၾကရသူ သိန္းနဲ႔ခ်ီ႐ွိေနပါတယ္။ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ႐ွမ္းျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းတို႔ဘက္မွာ ႐ြာလံုးကြ်တ္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရ သူေတြ႐ွိေနပါတယ္။ ႏိုဝင္ဘာ ၂၉ ရက္ေန႔က စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ ေတာင္ပိုင္း႐ြာထဲကို စစ္ေကာင္စီတပ္ေတြဝင္လာတာေၾကာင့္ အနီးအနားက ေက်းရြာ ၇ ရြာထက္မနည္းက ျပည္သူေတြ ထြက္ေျပး တိမ္းေ႐ွာင္ေနၾကပါတယ္။ အခုလို စစ္ေဘးဒုကၡသည္ေတြ ပိုမ်ားလာတ့ဲ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း ကတင္ျပပါမယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ ႐ွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ မေကြးတုိင္းနဲ႔ စစ္ကိုင္းတိုင္းစတဲ့ ေနရာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႔ေတြၾကား အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈေတြ ႐ွိေနပါတယ္။ အဲဒီတုိက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးၾကရတဲ့ ေဒသခံေတြလည္း ပုိပိုၿပီးမ်ားလာေနပါတယ္။

ႏိုဝင္ဘာ ၂၉ ရက္ တနလၤာေန႕ကပဲ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္းပိုင္းက တင္းသာေက်းရြာကို စစ္ေကာင္စီ အင္အား ၈၀ ေလာက္ ရြာထဲဝင္ေရာက္ တပ္စြဲတဲ့အတြက္ ရြာလံုးကြ်တ္ ထြက္ေျပးေနၾကရတယ္လို႔ တင္သားရြာခံတစ္ဦးက VOA ကို ေျပာပါတယ္။ တင္းသာရြာကို ဝင္လာတဲ့အတြက္ အနီးအနား ေက်းရြာကပါ ထြက္ေျပးေနရၿပီး ေက်းရြာ ၇ ရြာထက္မနည္း ထြက္ေျပးတိမ္ေရွာင္ေနတာလို႔ အခုလို ေျပာပါတယ္။

“ရြာထဲမွာ စစ္ေကာင္စီရဲ႕ စစ္သားေတြလာေနလို႔ အင္အား ၇၀ ၊ ၈၀ ေက်ာ္လာေနလို႔ အဲ့ဒါေၾကာင္းေရွာင္ေနရတာ၊ က်ေနာ္တို႔ တင္သားကို ဝင္တဲ့အတြက္ ေက်ာက္ဖူး၊ ဒိုးႏြယ္၊ အေရွ႕စည္းေတြပါ ေရွာင္ေနၾကတယ္ဗ်၊ စစ္ေၾကာင္းေတြခြဲၿပီးမွ နယ္ေျမရွင္းလင္းေရးဝင္ေနတာ၊ ေက်ာက္ျပဳတ္က စစ္ေကာင္စီနယ္ေျမ၊ စစ္ေကာင္စီထိန္းခ်ဳပ္တဲ့ ပ်ဴးေစာထီးရြာဆိုေတာ့ အဲ့ဒီကေနၿပီးမွ နယ္ေျမရွင္းလင္းေရးလုပ္ေတာ့ ေက်ာက္ျပဳတ္နဲ႔ နီးတဲ့ ေက်ာက္ဆယ္တို႔ အင္းကြ်န္းတို႔ ေရရွင္တို႔ ကုကၠိဳလ္တို႔ လယ္ျခားတို႔ ရွားေတာတို႔ ႏြားတို႔၊ ျမစ္ရဲ႕အေရွ႕ဖက္ကမ္းက အကုန္ေရွာင္ရတာ ျမစ္ရဲ႕အေနာက္ဖက္က်ေတာ့ က်ေနာ္တို႔ မွန္ေတာတို႔ ေအာင္သာယာတို႔ ႀကံသာတို႔ တင္သားတို႔ ေက်ာက္ဖူး၊ အေရွ႕စည္း၊ ဒိုးႏြယ္ အကုန္ေရွာင္ရတာ အဲ့ဒါေတြက။”

ကေလးၿမိဳ႕နယ္ေတာင္းပိုင္းက ေက်းရြာေတာ္ေတာ္မ်ားမွာ စစ္ေကာင္စီက မၾကာခဏ နယ္ေျမရွင္းလင္းေရးလုပ္လို႔ ထြက္ေျပးေနရတာ ဒါနဲ႔ဆိုရင္ ၈ ႀကိမ္ထက္မနည္း ရွိသြားၿပီလို႔ ေျပာပါတယ္။

ကယားျပည္နယ္မွာလည္း အိုးအိမ္ျပစ္ ေဘးလြတ္ရာေရာေတြမွာ ပုန္းခိုေနၾကရသူ သိန္းနဲ႔ခ်ီ႐ွိေနပါၿပီ။ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြျဖစ္ပြားခ်ိန္ထဲကစလို႔ ေနာက္ပိုင္း စစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈေတြေၾကာင့္ ထြက္ေျပးေနၾကရသူေတြ အခက္အခဲမ်ဳိးစံု ႀကံဳေနၾကတယ္လို႔ CDM ဝန္ထမ္းနဲ႔ စစ္ေဘးဒုကၡသည္ေတြ အကူအညီေပးေနတဲ့ လြိဳင္ေကာ္ CDM ပညာေရးေကာ္မတီက VOA ကုိ ေျပာပါတယ္။

“အာဏာသိမ္းၿပီးေနာက္ပိုင္းေတာ့ က်မတို႔ ဒီလို စစ္ေရွာင္လာတာက တိုက္ပြဲလည္း မၾကာမၾကာျဖစ္ေနေတာ့ ၅ လပိုင္းအတြင္းေပါ့ေနာ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ထဲကေပ့ါေနာ္၊ အဲ့ဒါစစ္ေရွာင္ေနတာ အမ်ားႀကီးရွိတာေပ့ါေနာ္၊ ၃၊ ၄ ေသာင္းေလာက္ေတာ့ ရွိၿပီးထင္တယ္၊ ေနာက္ဒီးေမာ့ဆိုဘက္မွာက်ေတာ့ သိန္းခ်ီရွိမယ္ထင္တယ္၊ ဒီးေမာ့ဆိုက တစ္ၿမိဳ႕လံုးနီးပါး အကုန္ေရွာင္တယ္၊ အခုကေလး ရက္ေတြ ၾကာလာေတာ့ေလး အလွဴရွင္ကလည္း နည္းလာတာေပါ့ေနာ္၊ လိုအပ္ခ်က္ေတြ တအားျမင့္တက္ေနတာေပ့ါေနာ္၊ အစားအေသာက္အပိုင္းဆိုလည္း ဟိုအရင္ကလိုမ်ဳိးေတာ့ အလွဴရွင္ေတြ အမ်ားႀကီးေတာ့ မလာႏိုင္ေတာ့ဘူးေပ့ါေနာ္၊ နည္းလာတာေပ့ါေနာ္၊ အခက္အခဲေတြေတာ့ ေတာ္ေတာ္မ်ားမ်ားရွိတာေပ့ါေနာ္၊ ေနာက္ၿပီး ေရေတြလည္း အခက္အခဲေတြ ရွိတယ္။”

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ တစ္ဝိုက္မွာ လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံေတြ မၾကာခဏ ၾကားေနရတာေၾကာင့္ ေနအိမ္ေတြကို မျပန္ရဲၾကေသးတာျဖစ္ပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္နဲ႔ တိုက္ပြဲေတြ စျဖစ္ခဲ့တဲ့ ခ်င္းျပည္နယ္မွာလည္း စစ္ေဘးဒုကၡသည္ ၇ေသာင္းထက္မနည္း ရွိေနၿပီလို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO ရဲ႕ ဒုတိယ အမႈေဆာင္ ဒါ႐ုိက္တာ Salai Zaukling က VOA ကို ေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြက အခုေလာေလဆယ္ ေနာက္ဆံုးက်ေနာ္တို႔ စာရင္းျပဳစုထားတာကေတာ့ ဒီခ်င္းျပည္နယ္ ၉ ၿမိဳ႕နယ္မွာေပါ့ေနာ္၊ ေလးေသာင္းေလာက္ရွိတယ္၊ ၿပီးေတာ့ ဒီခ်င္းျပည္နယ္ ျပင္ပမွာ ထြက္သြားတဲ့ ဒီအိႏိၵယဖက္ကို ထြက္ေျပးသြားတဲ့ လူေတြက သံုးေသာင္းေက်ာ္ေလာက္ရွိမယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းထားတယ္၊ ဆိုေတာ့ အနည္းဆံုး ခုႏွစ္ေသာင္းေက်ာ္က စစ္ေရွာင္ေတြ ျဖစ္ေနၿပီ။”

ခ်င္းျပည္နယ္မွာ စစ္ေကာင္စီတပ္ေတြ အင္အားအေျမာက္အမ်ားျဖန္႔ခ်ထားၿပီး ျဖတ္ေလးျဖတ္လုပ္ ေနတာေၾကာင့္ စားနပ္ရိကၡာ ဝယ္စုေဆာင္းလို႔ မရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ သူကေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ေဆာင္းရာသီကာလေရာက္ေနၿပီမို႔ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြ အေနနဲ႔ ေနေရး စားေရးအျပင္ က်န္းမာေရးဆုိင္ရာ ေစာင့္ေ႐ွာက္မႈေတြပါ လိုအပ္ေနၾကတယ္လို႔ ဒုကၡသည္နဲ႔ အကူအညီေပးသူေတြက ေျပာၾကပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၁၀ လကြာလာချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ပြစ် ထွက်ပြေးနေကြရသူ သိန်းနဲ့ချီရှိနေပါတယ်။ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ဘက်မှာ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေကြရ သူတွေရှိနေပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရွာထဲကို စစ်ကောင်စီတပ်တွေဝင်လာတာကြောင့် အနီးအနားက ကျေးရွာ ၇ ရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ အခုလို စစ်ဘေးဒုက္ခသည်တွေ ပိုများလာတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းစတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးကြရတဲ့ ဒေသခံတွေလည်း ပိုပိုပြီးများလာနေပါတယ်။

နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့ကပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်းပိုင်းက တင်းသာကျေးရွာကို စစ်ကောင်စီ အင်အား ၈၀ လောက် ရွာထဲဝင်ရောက် တပ်စွဲတဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ တင်သားရွာခံတစ်ဦးက VOA ကို ပြောပါတယ်။ တင်းသာရွာကို ဝင်လာတဲ့အတွက် အနီးအနား ကျေးရွာကပါ ထွက်ပြေးနေရပြီး ကျေးရွာ ၇ ရွာထက်မနည်း ထွက်ပြေးတိမ်ရှောင်နေတာလို့ အခုလို ပြောပါတယ်။

“ရွာထဲမှာ စစ်ကောင်စီရဲ့ စစ်သားတွေလာနေလို့ အင်အား ၇၀ ၊ ၈၀ ကျော်လာနေလို့ အဲ့ဒါကြောင်းရှောင်နေရတာ၊ ကျနော်တို့ တင်သားကို ဝင်တဲ့အတွက် ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်းတွေပါ ရှောင်နေကြတယ်ဗျ၊ စစ်ကြောင်းတွေခွဲပြီးမှ နယ်မြေရှင်းလင်းရေးဝင်နေတာ၊ ကျောက်ပြုတ်က စစ်ကောင်စီနယ်မြေ၊ စစ်ကောင်စီထိန်းချုပ်တဲ့ ပျူးစောထီးရွာဆိုတော့ အဲ့ဒီကနေပြီးမှ နယ်မြေရှင်းလင်းရေးလုပ်တော့ ကျောက်ပြုတ်နဲ့ နီးတဲ့ ကျောက်ဆယ်တို့ အင်းကျွန်းတို့ ရေရှင်တို့ ကုက္ကိုလ်တို့ လယ်ခြားတို့ ရှားတောတို့ နွားတို့၊ မြစ်ရဲ့အရှေ့ဖက်ကမ်းက အကုန်ရှောင်ရတာ မြစ်ရဲ့အနောက်ဖက်ကျတော့ ကျနော်တို့ မှန်တောတို့ အောင်သာယာတို့ ကြံသာတို့ တင်သားတို့ ကျောက်ဖူး၊ အရှေ့စည်း၊ ဒိုးနွယ် အကုန်ရှောင်ရတာ အဲ့ဒါတွေက။”

ကလေးမြို့နယ်တောင်းပိုင်းက ကျေးရွာတော်တော်များမှာ စစ်ကောင်စီက မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်လို့ ထွက်ပြေးနေရတာ ဒါနဲ့ဆိုရင် ၈ ကြိမ်ထက်မနည်း ရှိသွားပြီလို့ ပြောပါတယ်။

ကယားပြည်နယ်မှာလည်း အိုးအိမ်ပြစ် ဘေးလွတ်ရာရောတွေမှာ ပုန်းခိုနေကြရသူ သိန်းနဲ့ချီရှိနေပါပြီ။ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားချိန်ထဲကစလို့ နောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ထွက်ပြေးနေကြရသူတွေ အခက်အခဲမျိုးစုံ ကြုံနေကြတယ်လို့ CDM ဝန်ထမ်းနဲ့ စစ်ဘေးဒုက္ခသည်တွေ အကူအညီပေးနေတဲ့ လွိုင်ကော် CDM ပညာရေးကော်မတီက VOA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကျမတို့ ဒီလို စစ်ရှောင်လာတာက တိုက်ပွဲလည်း မကြာမကြာဖြစ်နေတော့ ၅ လပိုင်းအတွင်းပေါ့နော်၊ လွိုင်ကော်မြို့နယ်ထဲကပေ့ါနော်၊ အဲ့ဒါစစ်ရှောင်နေတာ အများကြီးရှိတာပေ့ါနော်၊ ၃၊ ၄ သောင်းလောက်တော့ ရှိပြီးထင်တယ်၊ နောက်ဒီးမော့ဆိုဘက်မှာကျတော့ သိန်းချီရှိမယ်ထင်တယ်၊ ဒီးမော့ဆိုက တစ်မြို့လုံးနီးပါး အကုန်ရှောင်တယ်၊ အခုကလေး ရက်တွေ ကြာလာတော့လေး အလှူရှင်ကလည်း နည်းလာတာပေါ့နော်၊ လိုအပ်ချက်တွေ တအားမြင့်တက်နေတာပေ့ါနော်၊ အစားအသောက်အပိုင်းဆိုလည်း ဟိုအရင်ကလိုမျိုးတော့ အလှူရှင်တွေ အများကြီးတော့ မလာနိုင်တော့ဘူးပေ့ါနော်၊ နည်းလာတာပေ့ါနော်၊ အခက်အခဲတွေတော့ တော်တော်များများရှိတာပေ့ါနော်၊ နောက်ပြီး ရေတွေလည်း အခက်အခဲတွေ ရှိတယ်။”

လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်ဝိုက်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ မကြာခဏ ကြားနေရတာကြောင့် နေအိမ်တွေကို မပြန်ရဲကြသေးတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာလည်း စစ်ဘေးဒုက္ခသည် ၇သောင်းထက်မနည်း ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ အမှုဆောင် ဒါရိုက်တာ Salai Zaukling က VOA ကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက အခုလောလေဆယ် နောက်ဆုံးကျနော်တို့ စာရင်းပြုစုထားတာကတော့ ဒီချင်းပြည်နယ် ၉ မြို့နယ်မှာပေါ့နော်၊ လေးသောင်းလောက်ရှိတယ်၊ ပြီးတော့ ဒီချင်းပြည်နယ် ပြင်ပမှာ ထွက်သွားတဲ့ ဒီအိန္ဒိယဖက်ကို ထွက်ပြေးသွားတဲ့ လူတွေက သုံးသောင်းကျော်လောက်ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်၊ ဆိုတော့ အနည်းဆုံး ခုနှစ်သောင်းကျော်က စစ်ရှောင်တွေ ဖြစ်နေပြီ။”

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အင်အားအမြောက်အများဖြန့်ချထားပြီး ဖြတ်လေးဖြတ်လုပ် နေတာကြောင့် စားနပ်ရိက္ခာ ဝယ်စုဆောင်းလို့ မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်းရာသီကာလရောက်နေပြီမို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ အနေနဲ့ နေရေး စားရေးအပြင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေပါ လိုအပ်နေကြတယ်လို့ ဒုက္ခသည်နဲ့ အကူအညီပေးသူတွေက ပြောကြပါတယ်။

XS
SM
MD
LG