သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူး‌ယောက်က Trump အမှုတရားခွင် သမီးဖြစ်သူ ထွက်ဆို


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့သမီး Ivanka Trump က ဖခင်ဖြစ်သူရဲ့အိမ်ခြံမြေလုပ်ငန်းတန်ဖိုး တွက်ချက်မှုနဲ့ပတ်သက်လို့ နယူးယောက်တရားရုံးမှာ လာရောက်ထွက်ဆိုစဥ်။ (နိုဝင်ဘာ ၈၊ ၂၀၂၃)
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့သမီး Ivanka Trump က ဖခင်ဖြစ်သူရဲ့အိမ်ခြံမြေလုပ်ငန်းတန်ဖိုး တွက်ချက်မှုနဲ့ပတ်သက်လို့ နယူးယောက်တရားရုံးမှာ လာရောက်ထွက်ဆိုစဥ်။ (နိုဝင်ဘာ ၈၊ ၂၀၂၃)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် စွပ်စွဲထားတဲ့ သူ့ရဲ့ အိမ်ခြံမြေလုပ်ငန်း တန်ဖိုးအပေါ် လိမ်လည်ပြီး တန်ဖိုးမြှင့်ပြသခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်တဲ့ နယူးယောက်မြို့ကတရားရုံးချိန်းမှာ ဗုဒ္ဓဟူးနေ့က သမီးဖြစ်သူအိုင်ဗန်ကာထရမ့် လာရောက်ထွက်ဆိုခဲ့ပြီး သူ့ရဲ့ဖခင် ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့တဲ့ အိမ်ခြံမြေအရောင်းအဝယ် အသေးစိတ်အချက်အလက်တွေကို မမှတ်မိကြောင်း ပြောပါတယ်။

ဒါဟာ အရင်အပတ်က ထွက်ဆိုခဲ့ကြတဲ့ သူရဲ့ တခြား မောင်နှမတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာနဲ့ အဲရစ်ထရမ့်တို့ ထွက်ခဲ့သလိုပဲ အိုင်ဗန်ကာကလည်း တရားသူကြီးက မသမာမှုမြောက်ကြောင်း စီရင်ဆုံးဖြတ်ထားပြီးဖြစ်တဲ့ အငြင်းပွားဖွယ် ထရမ့်ရဲ့လုပ်ငန်း တန်ဖိုးဖြတ်တဲ့နည်းလမ်းတွေက သူတို့နဲ့မသက်ဆိုင်ကြောင်း ထွက်ဆိုခဲ့တာပါ။ သမ္မတဟောင်း ထရမ့်ကိုယ်တိုင်ကတော့ ဂေါက်ကွင်းတွေ၊ ရုံးခန်း အဆောက်အအုံတွေနဲ့ အခြားကုမ္ပဏီပိုင်ဆိုင်မှုတွေရဲ့ ခန့်မှန်းခြေ တန်ဖိုးတွေကို တွက်ချက်ရာမှာ အချက်အလက် မတိကျတာတွေပါခဲ့ကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

သမီးဖြစ်သူ အိုင်ဗန်ကာဟာ ဒီအမှုမှာ ဖခင်ဖြစ်သူထရမ့်နဲ့ တခြား မောင်နှမမွေးချင်းတွေလို တရားခံအဖြစ် စွပ်စွဲခံထားရတာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ထိပ်ဆုံးကဦးဆောင်နေတဲ့ သမ္မတဟောင်းထရမ့်ကတော့ အချက်အလက်မှားယွင်းတာတချို့ ရှိပေမယ့် ဥပဒေမဲ့လုပ်ဆောင်ခဲ့တာ မရှိကြောင်းနဲ့ ဒီ စွပ်စွဲချက်က “နိုင်ငံရေးဘက်လိုက်မှု”နဲ့ “ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ဝင်ရောက်စွက်ဖက်” ချက်ဖြစ်ကြောင်း ပြန်လည် စွပ်စွဲထားသလို သမီးဖြစ်သူ အိုင်ဗန်ကာကို တရားခွင်မှာ ထွက်ဆိုဖို့ အတင်းအကျပ် ဆင့်ခေါ်ခဲ့တယ်လို့ သူ့ရဲ့ လူမှုမီဒီယာစာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

နယူး‌ယောက်က Trum အမှုတရားခွင် သမီးဖြစ်သူ ထွက်ဆို
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG