သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ပန္-ျမန္မာအသင္း ထူေထာင္သူ ျမန္မာစစ္အာဏာသိမ္းမႈ ေထာက္ခံ


ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ ဆန္႔က်င္ကန္႔ကြက္ ဆႏၵျပေနၾကတဲ့ ဂ်ပန္ႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ား။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ေကာင္စီေခါင္းေဆာင္ရဲ႕ ဒီမိုကေရစီေရး အားထုတ္မႈေတြကို ခ်ီးက်ဴးလိုက္ၿပီး အာဏာသိမ္းတာ ဥပေဒနဲ႔အညီ ျဖစ္တယ္လို႔ ဂ်ပန္အစိုးရဝန္ႀကီးေဟာင္း ဟီဒီယို ဝါတာနာေဘးက ေျပာၾကားလိုက္ပါတယ္။

ဇြန္လ ၃၀ ရက္ေန႔က ဂ်ပန္-ျမန္မာအသင္းရဲ႕ ပုံမွန္အစည္းအေဝးမွာ အသက္ ၈၇ ႏွစ္ ရွိၿပီျဖစ္တဲ့ မစၥတာ ဝါတာနာေဘးက ခုလို ေျပာၾကားခဲ့တာ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။

စစ္တပ္နဲ႔ ခ်ိတ္ဆက္မႈရွိတဲ့ ကုမၸဏီတခုနဲ႔အတူ ေဒၚလာ ၄၂ သန္းတန္ ကုန္တိုက္မွာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ သူက ႀကိဳးစားေနတာပါ။ ဝါတာနာေဘးရဲ႕ ကုန္တိုက္စီမံခ်က္က ဆက္လက္ လုပ္‌ေဆာင္ေနပါတယ္လို႔ စစ္ေကာင္စီက စာနဲ႔ ျပန္လည္ေျဖၾကားေၾကာင္း ႐ိုက္တာသတင္းဌာနက ေျပာပါတယ္။

ဂ်ပန္-ျမန္မာအသင္းကို ဝါတာနာေဘးက ထူေထာင္ခဲ့တာျဖစ္ၿပီး ဂ်ပန္ကုမၸဏီႀကီးေတြရဲ႕ အေထာက္အပံ့နဲ႔ အသင္းက ရပ္တည္ေနပါတယ္။ ဒီႏွစ္မွာ အနည္းဆုံး ကုမၸဏီ ၆ ခုဟာ အာဏာသိမ္းၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ အသင္းက ထြက္သြားခဲ့ၾကပါတယ္။ အဲဒီအထဲမွာ တိုယိုတာ ကားကုမၸဏီလည္း ပါပါတယ္။ ဟိုင္းလပ္စ္ ပစ္ကပ္ကားေတြကို ျမန္မာျပည္မွာ ထုတ္လုပ္ဖို႔ တိုယိုတာ ကုမၸဏီက စီစဥ္ခဲ့ေပမယ့္ အာဏာသိမ္းကတည္းက ရပ္ထားခဲ့တာပါ။ ဆူဇူကီး ကားကုမၸဏီနဲ႔ မစ္ဆူဘီရွီ ကုန္သြယ္ေရး ကုမၸဏီေတြကေတာ့ မစၥတာ ဝါတာနာေဘးရဲ႕ အသင္းက မထြက္ၾကေသးပါဘူး။

ဝါတာနာေဘးရဲ႕ သားလည္းျဖစ္၊ အသင္းရဲ႕ အတြင္းေရးမွဴးခ်ဳပ္လည္းျဖစ္တဲ့ ယူဆုေကး ဝါတာနာေဘးက Diplomat မဂၢဇင္းမွာ ေဆာင္းပါးတေစာင္ ေရးခဲ့ၿပီး ဂ်ပန္ႏိုင္ငံဟာ စစ္ေကာင္စီရဲ႕ ေပါင္းကူးတံတားအျဖစ္ပဲ ေနသင့္တယ္၊ အစိုးရေျပာင္းလဲေရးဆိုတဲ့ အေနာက္ႏိုင္ငံေတြရဲ႕ မူဝါဒေနာက္ကို မလိုက္သင့္ဘူးလို႔ ဆိုခဲ့ပါတယ္။

လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံျခားမူဝါဒ ေလ့လာေရး အဖြဲ႔ေတြကေတာ့ ဝါတာနာေဘးရဲ႕ ေျပာဆိုခ်က္ေတြဟာ လူသတ္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မ်က္ကြယ္ျပဳၿပီး အာဏာသိမ္းတာ တရားမွ်တေၾကာင္း ဆင္ေျခေပးေနတာ ျဖစ္တယ္လို႔ ေဝဖန္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ဂျပန်-မြန်မာအသင်း ထူထောင်သူ မြန်မာစစ်အာဏာသိမ်းမှု ထောက်ခံ

စစ်ကောင်စီခေါင်းဆောင်ရဲ့ ဒီမိုကရေစီရေး အားထုတ်မှုတွေကို ချီးကျူးလိုက်ပြီး အာဏာသိမ်းတာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ဂျပန်အစိုးရဝန်ကြီးဟောင်း ဟီဒီယို ဝါတာနာဘေးက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ဂျပန်-မြန်မာအသင်းရဲ့ ပုံမှန်အစည်းအဝေးမှာ အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ ဝါတာနာဘေးက ခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

စစ်တပ်နဲ့ ချိတ်ဆက်မှုရှိတဲ့ ကုမ္ပဏီတခုနဲ့အတူ ဒေါ်လာ ၄၂ သန်းတန် ကုန်တိုက်မှာ ရင်းနှီးမြှုပ်နှံကြဖို့ သူက ကြိုးစားနေတာပါ။ ဝါတာနာဘေးရဲ့ ကုန်တိုက်စီမံချက်က ဆက်လက် လုပ်‌ဆောင်နေပါတယ်လို့ စစ်ကောင်စီက စာနဲ့ ပြန်လည်ဖြေကြားကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

ဂျပန်-မြန်မာအသင်းကို ဝါတာနာဘေးက ထူထောင်ခဲ့တာဖြစ်ပြီး ဂျပန်ကုမ္ပဏီကြီးတွေရဲ့ အထောက်အပံ့နဲ့ အသင်းက ရပ်တည်နေပါတယ်။ ဒီနှစ်မှာ အနည်းဆုံး ကုမ္ပဏီ ၆ ခုဟာ အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အသင်းက ထွက်သွားခဲ့ကြပါတယ်။ အဲဒီအထဲမှာ တိုယိုတာ ကားကုမ္ပဏီလည်း ပါပါတယ်။ ဟိုင်းလပ်စ် ပစ်ကပ်ကားတွေကို မြန်မာပြည်မှာ ထုတ်လုပ်ဖို့ တိုယိုတာ ကုမ္ပဏီက စီစဉ်ခဲ့ပေမယ့် အာဏာသိမ်းကတည်းက ရပ်ထားခဲ့တာပါ။ ဆူဇူကီး ကားကုမ္ပဏီနဲ့ မစ်ဆူဘီရှီ ကုန်သွယ်ရေး ကုမ္ပဏီတွေကတော့ မစ္စတာ ဝါတာနာဘေးရဲ့ အသင်းက မထွက်ကြသေးပါဘူး။

ဝါတာနာဘေးရဲ့ သားလည်းဖြစ်၊ အသင်းရဲ့ အတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ယူဆုကေး ဝါတာနာဘေးက Diplomat မဂ္ဂဇင်းမှာ ဆောင်းပါးတစောင် ရေးခဲ့ပြီး ဂျပန်နိုင်ငံဟာ စစ်ကောင်စီရဲ့ ပေါင်းကူးတံတားအဖြစ်ပဲ နေသင့်တယ်၊ အစိုးရပြောင်းလဲရေးဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ မူဝါဒနောက်ကို မလိုက်သင့်ဘူးလို့ ဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံခြားမူဝါဒ လေ့လာရေး အဖွဲ့တွေကတော့ ဝါတာနာဘေးရဲ့ ပြောဆိုချက်တွေဟာ လူသတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး အာဏာသိမ်းတာ တရားမျှတကြောင်း ဆင်ခြေပေးနေတာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG