(Zawgyi / Unicode)
ဂ်ပန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္သစ္ တက္လာေပမဲ့ ျမန္မာႏိုင္ငံအေပၚ ထားတဲ့ မူဝါဒ အေျပာင္းအလဲ ႀကီးႀကီးမားမား ႐ွိမွာ မဟုတ္ဘူးလို႔ ဂ်ပန္ႏိုင္ငံက ျမန္မာ့အေရးေလ့လာသူေတြက သံုးသပ္ပါတယ္။
ဂ်ပန္အေနနဲ႔ ျမန္မာႏိုင္ငံ ျပႆနာေတြကို တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္တာမ်ဳိး လုပ္မယ္လို႔ မျမင္ရေပမဲ့ အေမရိကန္လို အေနာက္ႏိုင္ငံေတြရဲ႕ မူဝါဒအေပၚလိုက္ၿပီး ဆက္ဆံသြားမယ္လို႔ ေျပာၾကပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ရဲ႕ ျမန္မာ အေပၚထားမယ့္ မူဝါဒ ဘယ္လို႐ွိႏိုင္မယ္ဆုိတာ ရန္ကုန္ကလာတဲ့ သတင္းကို မသိဂၤ ီထိုက္က တင္ျပပါမယ္။
ဂ်ပန္အာဏာရအစိုးရ Liberal Democratic ပါတီ LDP ရဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ Mr. Fumio Kishida ေအာက္တိုဘာ ၄ ရက္ေန႔က စတင္တာဝန္ယူပါတယ္။ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ယူခဲ့သူ ဝန္ႀကီးခ်ဳပ္သစ္ Kishida ဟာ ျမန္မာႏိုင္ငံကို ၂၀၁၆ ခုႏွစ္က လာေရာက္ခဲ့ဖူးပါတယ္။
သူဦးေဆာင္တဲ့ လက္႐ွိဂ်ပန္အစိုးရဟာ ျမန္မာစီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ ရင္းႏွီးမႈရွိသလို ျမန္မာစစ္ေကာင္စီရဲ႕ ေက်ာေထာက္ေနာက္ခံ စီးပြားေရးလုပ္ငန္းေတြမွာ ဂ်ပန္အစိုးရ ေခါင္းေဆာင္ပိုင္း တခ်ိဳ႕ဟာ ပါဝင္ပတ္သက္မႈ ရွိေနတယ္လို႔ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားမ်ား အသင္းရဲ႕ ဥကၠ႒ ဦးသန္းေဆြက ေျပာပါတယ္။
လက္႐ွိအေျခအေနအရ ဝန္ႀကီးခ်ဳပ္သစ္ဦးေဆာင္တဲ့ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံအေပၚထားတဲ့ မူဝါဒ ႀကီးႀကီးမားမား ေျပာင္းလဲမွာ မဟုတ္ဘူးလို႔ ဦးသန္းေဆြက သံုးသပ္ပါတယ္။
“ စစ္အုပ္စုနဲ႔ ေပါင္းျခင္းဟာ သူတို႔အတြက္ ပိုၿပီးအက်ိဳး ျဖစ္ထြန္းလိမ့္မယ္၊ ပိုၿပီး အခြင့္အလမ္း ရလိမ့္မယ္လို႔ ယုံၾကည္ထားတဲ့ အေနအထားမွာ ရွိတဲ့အခါက်ေတာ့ ဗမာႏိုင္ငံ ေပၚလစီကိုေတာ့ သူတို႔ တင္းတင္းက်ပ္က်ပ္ လုပ္လိမ့္မယ္လို႔ မထင္ဘူး။ ဒါေပမဲ့ ထုံးစံအတိုင္းေပါ့ ဂ်ပန္ရဲ႕ ေပၚလစီဆိုတာက အေမရိကန္ႏိုင္ငံေတြ၊ ဥေရာပႏိုင္ငံေတြ အေပၚမွာ မူတည္ၿပီးေတာ့ မီးစင္ၾကည့္ကတဲ့ ေပၚလစီ ျဖစ္တဲ့အခါက်ေတာ့ က်န္တဲ့ႏိုင္ငံေတြမွာ ျမန္မာႏိုင္ငံ ပတ္သက္တဲ့ ေပၚလစီက အေျပာင္းအလဲ ျဖစ္လာမယ္ဆိုရင္ ဂ်ပန္က မ်က္စိမွိတ္ၿပီးေတာ့ စစ္အုပ္စုကို ဆက္ၿပီးေထာက္ခံမယ့္ အေနအထားမွာ မရွိဘူးလို႔ေတာ့ က်ေနာ္ကေတာ့ ျမင္တယ္။”
ဂ်ပန္ႏိုင္ငံမွာ ဒီမိုကေရစီအေရးကို လိုလားတဲ့ လႊတ္ေတာ္အမတ္မ်ား သမဂၢ၊ ဩဇာႀကီးမားတဲ့ အလုပ္သမား သမဂၢ၊ ၿပီးေတာ့ Human Rights Now တို႔ Human Rights Watch တို႔လို လူ႔အခြင့္အေရး အဖြဲ႕အစည္းေတြကလည္း ဂ်ပန္ေရာက္ ျမန္မာေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနၾကတာျဖစ္လို႔ ဝန္ႀကီးခ်ဳပ္သစ္ အေျပာင္းအလဲဟာ ျမန္မာ့အေရး လႈပ္ရွားမႈအေပၚ သက္ေရာက္မႈ ႀကီးႀကီးမားမားေတာ့ မရွိႏိုင္ဘူးလို႔ သူကေျပာပါတယ္။
ျမန္မာ့အေရး ကၽြမ္းက်င္တဲ့ ဂ်ပန္လူမ်ိဳး Mr. Osamu Nakanishi ကေတာ့ ဂ်ပန္မွာ ဝန္ႀကီးခ်ဳပ္ အသစ္တက္လာေပမဲ့ ႏိုင္ငံျခားေရး ဝန္ႀကီးကေတာ့ အရင္ဝန္ႀကီးပဲ ဆက္တာဝန္ယူထားတဲ့အတြက္ ျမန္မာနဲ႔ ပတ္သက္တဲ့ မူဝါဒအပိုင္းမွာ ေျပာင္းလဲမႈ ရွိမွာမဟုတ္ဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။
ဂ်ပန္အစိုးရ အေနနဲ႔ ျမန္မာ့အေရးကို တိုက္႐ိုက္ဝင္ေျဖရွင္းဖို႔ထက္ ASEAN ကိုယ္စားလွယ္က တဆင့္ပဲ ပါဝင္ပတ္သက္ဖို႔ ရွိၿပီး စီးပြားေရး ကူညီမႈ အသစ္ေတြကို မေပးေတာ့မွာေတာ့ ေသခ်ာတယ္လို႔ ဗြီအိုေအကို သူက စာနဲ႔ေျဖၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာဟာ ဒီမိုကေရစီကို ေနာက္ဆုတ္သြားေစတယ္လို႔လည္း သူက သံုးသပ္ပါတယ္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Yoshihide Suga ရဲ႕ကိုဗစ္ကပ္ေရာဂါ ကိုင္တြယ္မႈအေပၚ အႀကီးအက်ယ္ေဝဖန္ခံခဲ့ရၿပီး ျပည္သူလူထု ေထာက္ခံမႈ က်ဆင္းခဲ့တာေၾကာင့္ သူရာထူးကေန ႏုတ္ထြက္သြားခဲ့တာပါ။ ဒါေၾကာင့္ ဝန္ႀကီးခ်ဳပ္သစ္ Kishida အေနနဲ႔ ႏိုဝင္ဘာလမွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပဲြမွာ LDP ပါတီေခါင္းေဆာင္အေနနဲ႔ ဦးေဆာင္သြားရမွာျဖစ္ပါတယ္။
(Unicode)
ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ မြန်မာဆိုင်ရာမူဝါဒ ပြောင်းလဲနိုင်သလား
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် တက်လာပေမဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒ အပြောင်းအလဲ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံက မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဂျပန်အနေနဲ့ မြန်မာနိုင်ငံ ပြဿနာတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာမျိုး လုပ်မယ်လို့ မမြင်ရပေမဲ့ အမေရိကန်လို အနောက်နိုင်ငံတွေရဲ့ မူဝါဒအပေါ်လိုက်ပြီး ဆက်ဆံသွားမယ်လို့ ပြောကြပါတယ်။ ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ မြန်မာ အပေါ်ထားမယ့် မူဝါဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂ ီထိုက်က တင်ပြပါမယ်။
ဂျပန်အာဏာရအစိုးရ Liberal Democratic ပါတီ LDP ရဲ့ ဝန်ကြီးချုပ်အဖြစ် Mr. Fumio Kishida အောက်တိုဘာ ၄ ရက်နေ့က စတင်တာဝန်ယူပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဝန်ကြီးချုပ်သစ် Kishida ဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်က လာရောက်ခဲ့ဖူးပါတယ်။
သူဦးဆောင်တဲ့ လက်ရှိဂျပန်အစိုးရဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမှုရှိသလို မြန်မာစစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းတွေမှာ ဂျပန်အစိုးရ ခေါင်းဆောင်ပိုင်း တချို့ဟာ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ အသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ လက်ရှိအခြေအနေအရ ဝန်ကြီးချုပ်သစ်ဦးဆောင်တဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ ကြီးကြီးမားမား ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဦးသန်းဆွေက သုံးသပ်ပါတယ်။
“ စစ်အုပ်စုနဲ့ ပေါင်းခြင်းဟာ သူတို့အတွက် ပိုပြီးအကျိုး ဖြစ်ထွန်းလိမ့်မယ်၊ ပိုပြီး အခွင့်အလမ်း ရလိမ့်မယ်လို့ ယုံကြည်ထားတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ ဗမာနိုင်ငံ ပေါ်လစီကိုတော့ သူတို့ တင်းတင်းကျပ်ကျပ် လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ထုံးစံအတိုင်းပေါ့ ဂျပန်ရဲ့ ပေါ်လစီဆိုတာက အမေရိကန်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ အပေါ်မှာ မူတည်ပြီးတော့ မီးစင်ကြည့်ကတဲ့ ပေါ်လစီ ဖြစ်တဲ့အခါကျတော့ ကျန်တဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံ ပတ်သက်တဲ့ ပေါ်လစီက အပြောင်းအလဲ ဖြစ်လာမယ်ဆိုရင် ဂျပန်က မျက်စိမှိတ်ပြီးတော့ စစ်အုပ်စုကို ဆက်ပြီးထောက်ခံမယ့် အနေအထားမှာ မရှိဘူးလို့တော့ ကျနော်ကတော့ မြင်တယ်။”
ဂျပန်နိုင်ငံမှာ ဒီမိုကရေစီအရေးကို လိုလားတဲ့ လွှတ်တော်အမတ်များ သမဂ္ဂ၊ ဩဇာကြီးမားတဲ့ အလုပ်သမား သမဂ္ဂ၊ ပြီးတော့ Human Rights Now တို့ Human Rights Watch တို့လို လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဂျပန်ရောက် မြန်မာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်လို့ ဝန်ကြီးချုပ်သစ် အပြောင်းအလဲဟာ မြန်မာ့အရေး လှုပ်ရှားမှုအပေါ် သက်ရောက်မှု ကြီးကြီးမားမားတော့ မရှိနိုင်ဘူးလို့ သူကပြောပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်တဲ့ ဂျပန်လူမျိုး Mr. Osamu Nakanishi ကတော့ ဂျပန်မှာ ဝန်ကြီးချုပ် အသစ်တက်လာပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးကတော့ အရင်ဝန်ကြီးပဲ ဆက်တာဝန်ယူထားတဲ့အတွက် မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒအပိုင်းမှာ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
ဂျပန်အစိုးရ အနေနဲ့ မြန်မာ့အရေးကို တိုက်ရိုက်ဝင်ဖြေရှင်းဖို့ထက် ASEAN ကိုယ်စားလှယ်က တဆင့်ပဲ ပါဝင်ပတ်သက်ဖို့ ရှိပြီး စီးပွားရေး ကူညီမှု အသစ်တွေကို မပေးတော့မှာတော့ သေချာတယ်လို့ ဗွီအိုအေကို သူက စာနဲ့ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို နောက်ဆုတ်သွားစေတယ်လို့လည်း သူက သုံးသပ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Yoshihide Suga ရဲ့ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်မှုအပေါ် အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး ပြည်သူလူထု ထောက်ခံမှု ကျဆင်းခဲ့တာကြောင့် သူရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ဒါကြောင့် ဝန်ကြီးချုပ်သစ် Kishida အနေနဲ့ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ LDP ပါတီခေါင်းဆောင်အနေနဲ့ ဦးဆောင်သွားရမှာဖြစ်ပါတယ်။