သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ကြီးလှုပ်ခတ်နိုင်ချေသတိပေးချက် ဂျပန်ဖယ်ရှား


တိုကျိုမြို့အနောက်တောင်ဘက် ကာနာဂါဝါစီရင်စုက ကမ်းခြေတခုမှာ ငလျင်လှုပ်နိုင်ခြေကြောင့် ရေကူးမယ့်သူများကို သတိပေးထားတဲ့ အလံတခုကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၄)
တိုကျိုမြို့အနောက်တောင်ဘက် ကာနာဂါဝါစီရင်စုက ကမ်းခြေတခုမှာ ငလျင်လှုပ်နိုင်ခြေကြောင့် ရေကူးမယ့်သူများကို သတိပေးထားတဲ့ အလံတခုကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၄)

ဂျပန်နိုင်ငံကမ်းရိုးတမ်းဒေသမှာ ငလျင်ကြီး လှုပ်ခတ်နိုင်တဲ့ အန္တရာယ်သတိပေးချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပါပြီ။ ဒေသခံပြည်သူတွေအနေနဲ့ နေရပ်ပြန်သွားနိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ပြီလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးဝန်ကြီးက ဒီနေ့ကြာသပတေးနေ့မှာ ကြေညာပါတယ်။ အထူးသတိပေးချက်ကို ဖယ်ရှားပေးလိုက်ပေမဲ့ ကြီးမားတဲ့ငလျင်လှုပ်နိုင်တဲ့ အန္တရာယ်အဆုံးသပ်သွားတာမဟုတ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကိုယ်ဘယ်မှာရောက်နေတယ်ဆိုတာ တခြားသူတွေကို အသိပေးထားဖို့ အရေးပေါ် စားရေရိက္ခာတွေ စုဆောင်းထားဖို့လို အရေးပေါ် အစီအစဉ်တွေကိုတော့ လုပ်ထားကြဖို့ ဝန်ကြီးက အကြံပေးပါတယ်။ ဘယ်နေရာ ဘယ်အချိန်မဆို ကြီးမားတဲ့ ငလျင်ကြီး လှုပ်ခတ်နိုင်တယ်လို့ သူက ပြောပါတယ်။

ပစိဖိတ်ကမ်းရိုးတမ်းဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်နိုင်တာကြောင့် ပြည်သူတွေ ဘေးကင်းရာ ထွက်ခွာဖို့ ပြင်ထားဖို့ ဂျပန်ဘူမိဗေဒဌာနက ဘယ်တုန်းကမှနဲ့ မတူတဲ့ သတိပေးမှုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတိပေးချက်ကြောင့် ဝန်ကြီးချုပ် Fumio Kishida နိုင်ငံခြားသွားမယ့် ခရီးစဉ်ကိုတောင် ဖျက်သိမ်းခဲ့တာပါ။ အနောက်တောင်ပိုင်းက Kyushu ကျွန်းမှာ ပြီးခဲ့တဲ့တပတ်က ၇.၁ ပြင်းအားနဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းထန်တဲ့ငလျင်ကြီး လှုပ်ခတ်နိုင်ချေပိုများနေတယ်ဆိုပြီး သတိပေးချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG