သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



资料照:日本外务大臣林芳正 (Yoshimasa Hayashi)(ယခင်မှတ်တမ်းဓါတ်ပုံ)

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနဲ့အထွေထွေအကြပ်အတည်းကြောင့် နေ့စဉ်စားဝတ်နေရေးအခက်အခဲတွေကြုံတွေနေရတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက လူသားခြင်းစာနာမှုအထောက်အကူဖြစ် အမေရိကန်ဒေါ်လာ ၁၈ သန်းခွဲ ထောက်ပံ့ပေးအပ်သွားမယ်လို့ ဂျပန်အစိုးရက ဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။


{{Zawgyi/Unicode}}





...........................................................

တိုက်ရိုက် လင့်ခ်

မြန်မာအတွက် စာနာမှုအကူအညီ ဒေါ်လာ ၁၈ သန်းခွဲ ဂျပန် ထောက်ပံ့မည်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနဲ့ အထွေထွေ အကြပ်အတည်းကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေကြုံတွေနေရတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက လူသားခြင်းစာနာမှု အထောက်အကူဖြစ် အမေရိကန်ဒေါ်လာ ၁၈ သန်းခွဲ ထောက်ပံ့ပေးအပ်သွားမယ်လို့ ဂျပန်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး ကျဆင်းမှုတွေကြောင့် မြန်မာပြည်သူတွေဟာနေ့စဉ် စားဝတ် နေရေးလိုအပ်ချက်ကိုပြည့်မီနိုင်ခြင်းမရှိတဲ့အတွက် အခုလိုပေးအပ်မှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရရှိ ရိုရှီမာစာ Hayashi Yoshimasa က သတင်းစာရှင်း လင်းပွဲမှာပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက လူသားခြင်းစာနာမှုအခြေအနေတွေဟာ နေ့စဉ်ပိုပိုဆိုးလာနေကြောင်းနဲ့ ဂျပန်အနေနဲ့ အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်စီးပွားရေးကျဆင်းခဲ့ပြီး၊ ပြည်တွင်းလက်နှက်ကိုင်တိုက်ပွဲတွေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် ပြည်တွင်းအိုးမဲ့အိမ်မဲ့ အရေအတွက်ဟာလည်း သိန်းနဲ့ချီတိုးလာနေပါတယ်။

XS
SM
MD
LG