သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖြစ် ဝေလငါးဖမ်းလုပ်ငန်း ဂျပန်ပြန်စ


၂၀၁၉ ဇူလိုင်လ ၁ ရက်နေ့တွင် ဂျပန်ငါးဖမ်းသင်္ဘောမှ Minke ဝေလငါးဖမ်းမိစဉ်
၂၀၁၉ ဇူလိုင်လ ၁ ရက်နေ့တွင် ဂျပန်ငါးဖမ်းသင်္ဘောမှ Minke ဝေလငါးဖမ်းမိစဉ်

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းတဲ့လုပ်ငန်းတွေ စတင်ဖို့ ဂျပန်နိုင်ငံက ဝေလငါးဖမ်းသင်္ဘောတွေဟာ ဒီကနေ့ ပင်လယ်ပြင်ကို စတင် ထွက်ခွာသွားကြပါပြီ။

နိုင်ငံတကာဝေလငါးကော်မရှင် IWC က ဝေလငါးဖမ်းတဲ့ လုပ်ငန်းတွေ ဆိုင်းငံ့ထားကြဖို့ တားမြစ်ခဲ့ ပြီးတဲ့နောက် ဂျပန်နိုင်ငံက ဝေလငါးဖမ်းတဲ့ လုပ်ငန်းတွေကို ၁၉၈၈ ခုနှစ်ကစပြီး ရပ်ဆိုင်းထားခဲ့တာပါ။

နိုင်ငံတကာက တားမြစ်နေတဲ့ကြားဘဲ သိပ္ပံနည်းကျ သုတေသနပြုလုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်က ဝေလငါးဖမ်းတဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေခဲ့တာပါ။ ဂျပန်ရဲ့ အဲဒီလို အကြောင်းပြချက်ကို ဝေဖန်သူတွေက လက်မခံကြဘဲ စီးပွားဖြစ် ငါးဖမ်းခွင့်ရဖို့ အကြောင်းပြချက် သက်သက်သာဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ဂျပန်က minke ဝေလငါးအမျိုးအစား ၃၃၃ ကောင်ကို အတ္တလန်တိတ်သမုဒ္ဒယာအတွင်း သတ်ဖြတ်ခဲ့တာမှာ အဲဒီအထဲက ၁၂၀ ဟာ ကိုယ်ဝန်ရှိနေတဲ့ ဝေလငါးတွေဖြစ်တယ်လို့ ဆိုပါတယ်။

IWC ကနေ ဇွန်လ ၃၀ ရက်နေ့မှာ နုတ်ထွက်မယ့်အကြောင်း ဂျပန်က ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဝေလငါးဖမ်းကြမယ့် သင်္ဘောတွေဟာ Hokkaido ကျွန်း မြောက်ပိုင်း၊ Kushiro ကျွန်းကနေ စတင် ထွက်ခွာခဲ့ကြတာပါ။ ဒီသင်္ဘောတွေဟာ minke ၊ sei နဲ့ Bryde ဝေလငါး အမျိုးအစားတွေကို ဂျပန် ရေပိုင်နက်အတွင်း ဖမ်းကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG