သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဗဟိုဘဏ် ဥက္ကဌသစ် လွှတ်တော်အတည်ပြု


ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် Jerome Powell ကို အမေရိကန် ဗဟိုဘဏ်ဥက္ကဌ အဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မစ္စတာ Powell ကို အင်္ဂါနေ့က ထောက်ခံမဲ ၈၅ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ သူဟာ ဖေဖေါ်ဝါရီမှာ ၃ ရက်နေ့မှာ ၄ နှစ် သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ ဥက္ကဌ Janet Yellen နေရာမှာ တာဝန်ယူမှာ ဖြစ်ပါတယ်။

ပထမဆုံး အမျိုးသမီး ဗဟိုဘဏ်ဥက္ကဌ ဖြစ်လာတဲ့ Janet Yellen ဟာ Ben Bernanke နေရာကို ဆက်ခံခဲ့ချိန်ကစပြီး အများက သူမရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ကြေပေမယ့် သူမကို ဒုတိယ သက်တမ်းဆက်မထားဖို့ သမ္မတ Donald Trump က ဆုံးဖြတ်ခဲ့တာပါ။

အသက် ၆၄ နှစ်အရွယ် မစ္စတာ Powell ဟာ လူအများအလေးစားခံရတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင် တဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစပြီး သူဟာ ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှုး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ပါတီကြီး ၂ ရပ်စလုံးရဲ့ အထူးနှစ်သက်မှုကို ခံရသူပါ။

ဒါပေမယ့် တချို့ အစွန်းမရောက်တဲ့ ဒီမိုကရက်တစ်ပါတီဝင် တချို့ကတော့ သူဟာ ငွေကြေး ပြဿနာ တစုံတရာ ပေါ်လာခဲ့တဲ့နောက်ပိုင်း တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လျှော့ချပစ် နိုင်တယ်ဆိုပြီး သူ့ကို ရွေးချယ်မှုအပေါ် စိုးရိမ်ကြောင်း လေသံတွေ ထွက်လာခဲ့တာပါ။ မစ္စတာ Powell က ငွေကြေးစည်းမျဉ်းစည်းကမ်း ဆိုင်ရာ လျှော့ပေါ့ပြီး ပိုပွင့်လင်းလာစေဖို့ အရိပ်အယောင်တွေ ပြသခဲ့တာမို့ သူဟာ သမ္မတ Trump နဲ့ ရီပတ်ဘလစ်ကင် အများအပြားနဲ့ မဟာမိတ်ပိုဖြစ်လာစေတာပါ။

အမေရိကန်ဗဟိုဘဏ်ဥက္ကဌသစ် လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG