သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူသမ္မတဟောင်း ကာတာကို အမေရိကန် ခေါင်းဆောင်တွေ လွှတ်တော်မှာ ဂါရဝပြု


ကွယ်လွန်သူသမ္မတဟောင်း ဂျင်မီကာတာရဲ့ဈာပနအခမ်းအနားက ပုံတူပန်းချီကား။ (ဇန်နဝါရီ ၃၊ ၂၀၂၅)
ကွယ်လွန်သူသမ္မတဟောင်း ဂျင်မီကာတာရဲ့ဈာပနအခမ်းအနားက ပုံတူပန်းချီကား။ (ဇန်နဝါရီ ၃၊ ၂၀၂၅)

အမေရိကန် ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ ရုပ်ကလာပ်ကို မြို့တော် ဝါရှင်တန်ဒီစီက လွှတ်တော်ခန်းမကြီးထဲ ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းက သယ်ဆောင်လာခဲ့ပြီးနောက် အမေရိကန် ပါတီကြီးနှစ်ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမေရိကန်ဒုသမ္မတ Kamala Harris၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တရားသူကြီးချုပ်ကိုးဦးထဲက သုံးဦးတို့ Lie in State အခမ်းအနားကို တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ အမေရိကန် ဒုသမ္မတ Kamala Harris က သမ္မတကာတာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ချီးကျုးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

လွှတ်တော်အဆောက်အဦးထဲမှာ နိုင်ငံတော်အလံလွှမ်းခြုံထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် သမ္မတဟောင်း ဂျင်မီကာတာရဲ့ရုပ်ကလာပ်နဲ့ လာရောက်ဂါရဝပြုကြသူများ။ (ဇန်နဝါရီ ၇၊ ၂၀၂၅)
လွှတ်တော်အဆောက်အဦးထဲမှာ နိုင်ငံတော်အလံလွှမ်းခြုံထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် သမ္မတဟောင်း ဂျင်မီကာတာရဲ့ရုပ်ကလာပ်နဲ့ လာရောက်ဂါရဝပြုကြသူများ။ (ဇန်နဝါရီ ၇၊ ၂၀၂၅)

“အမေရိကန်ပြည်ထောင်စုကို James Earl Cater Junior က ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့ယုံကြည်ချက် အတိုင်းနေထိုင်သွားခဲ့ပြီး လူတွေကို ကူညီခဲ့ပါတယ်။ သူမွေးတုန်းကထက် ပိုကောင်းတဲ့ကမ္ဘာကြီး အဖြစ် ချန်ခဲ့တာပါ။” လို့ ဒုသမ္မတ Harris က ပြောသွားတာပါ။ သူအကောင်အထည်ဖေါ်ခဲ့တဲ့ အစီအစဥ်တွေဟာ မျိုးဆက်ပေါင်းများစွာအတွက် ကျန်ရစ်မှာပါလို့လည်း ဒုသမ္မတ Harris က ပြောပါတယ်။

သမ္မတကာတာဟာ သက်တမ်းတကြိမ်ပဲ တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ဒီမိုကရက်သမ္မတဖြစ်ပြီး နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်ပါတယ်။ သမ္မတရဲ့ ရုပ်ကလာပ်ကို အမေရိကန်ပြည်သူတွေ လာရောက် ဂါရဝပြုနိုင်အောင် လွှတ်တော်ခန်းမကြီးထဲမှာ နှစ်ရက်ကြာ ဂုဏ်ပြုထားမှာပါ။

လွှတ်တော် အမတ်ခေါင်းဆောင်တွေကလည်း သမ္မတကာတာလက်ထက်က အမေရိကန်သမိုင်းကို ပြန်ပြောင်းပြောဆိုပြီး သမ္မတကာတာကို ဂုဏ်ပြုခဲ့ကြပါတယ်။ သမ္မတကာတာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားတဲ့ အသက်အရှည်ဆုံး အမေရိကန်သမ္မတတဦး ဖြစ်ပါတယ်။ သမ္မတသက်တမ်း နောက်ပိုင်း သူလုပ်ဆောင်ခဲ့တဲ့ ပရဟိတအလုပ်တွေ၊ သံတမန်ရေး အလုပ်တွေကြောင့် အမေရိကန် သမ္မတတွေ ရာထူးကအနားယူပြီး ဘယ်လိုနေထိုင်သင့်သလဲ​ဆိုတာ စံနမူနာပြခဲ့သူလည်း ဖြစ်ပါတယ်။ သမ္မတကာတာအတွက် နိုင်ငံတော် စျာပနကို ၆ ရက်ကြာ ကျင်းပတာဖြစ်ပြီး ဇန်နဝါရီ ၉ ရက်နေ့ကို ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် သမ္မတ Joe Biden က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG