သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဂျင်မီကာတာဇနီးကွယ်လွန်


သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး Rosalynn Carter နိုဝင်ဘာ ၅ ရက် ၂၀၁၉ က ကာတာစင်တာမှာ စကားပြောနေစဥ်။ (ဣိုဝင်ဘာ ၅၊ ၂၀၂၃)
သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး Rosalynn Carter နိုဝင်ဘာ ၅ ရက် ၂၀၁၉ က ကာတာစင်တာမှာ စကားပြောနေစဥ်။ (ဣိုဝင်ဘာ ၅၊ ၂၀၂၃)

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး ရိုဆလင်းကာတာဟာ အသက် ၉၆ နှစ်အရွယ်မှာ တနင်္ဂနွေနေ့ နေ့လည်က ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ ၂ ယောက် ဟာ နှစ်ပေါင်း ၇၇ နှစ် ပေါင်းဖက်ခဲ့တဲ့ ဇနီးမောင်နှံ ဖြစ်ကြပါတယ်။

သား ၃ ယောက် သမီး ၁ ယောက် ကျန်ခဲ့ပါတယ်။ ဂျင်မီကာတာဟာ အမေရိကန် သမ္မတတွေထဲမှာ အသက်အရှည်ဆုံးသမ္မတဖြစ်သလို ရိုဆလင်းကာတာကလည်း Bess Truman ရဲ့နောက် ဒုတိယ အသက်အရှည်ဆုံး သမ္မတကတော် ဖြစ်ပါတယ်။

Carter Anniversary
Carter Anniversary

“ရိုဆလင်းက ကျနော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ ကျနော့်ရဲ့ အပြီးပြည့်စုံဆုံး ကိုယ်ပွါးလည်း ဖြစ်ပါတယ်။ ကျနော့်ဘဝမှာ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်လည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။” လို့ သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။

ဂျင်မီကာတာ သမ္မတဖြစ်စဥ်က အစိုးရအဖွဲ့အစည်းအဝေးတွေကို ရိုဆလင်းကာတာလည်း တက်ရောက်‌လေ့ရှိပြီး ဂျင်မီကာတာရဲ့လက်ထောက်တွေက သူမကို တွဲဘက် သမ္မတလို့ ခေါ်ကြတာပါ။ ရိုဆလင်းကာတာရဲ့ နိုင်ငံရေးဗီဇက ဂျင်မီကာတာရဲ့ နိုင်ငံရေးဗီဇထက် ပိုကောင်းတယ်လို့လည်း သူတို့က ဆိုကြပါတယ်။

FILE PHOTO: President Jimmy Carter and first lady Rosalynn Carter
FILE PHOTO: President Jimmy Carter and first lady Rosalynn Carter

ရိုဆလင်း ကာတာက ဂျင်မီကာတာထက် နိုင်ငံရေးပိုဆန်တာကိုလည်း သူတို့ နှစ်ယောက်လုံးက သဘောတူကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လက်တင်အမေရိက-က စစ်အာဏာရှင်တွေကို စစ်ရေးအကူအညီနဲ့ တခြား အကူအညီတွေ ပေးတော့မယ်မဟုတ်ဘူး ဆိုတဲ့ သတင်းစကားပြောဖို့ သမ္မတ ဂျင်မီကာတာလွှတ်ခဲ့သူက သူ့ဇနီး ရိုဆလင်းကာတာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ပြဿနာဟာ ရိုဆလင်းကာတာ စိတ်ဝင်စားခဲ့တဲ့ မူဝါဒ နယ်ပယ်တွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG