သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကာတာရဲ့ အာဖဂနစ္စတန်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ သမ္မတဂျင်မီကာတာ (ဒီဇင်ဘာ ၂၈၊ ၁၉၇၉)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ သမ္မတဂျင်မီကာတာ (ဒီဇင်ဘာ ၂၈၊ ၁၉၇၉)

အာဖဂန်သူပုန်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးပြီး ဆိုဗီယက်တပ်ဖွဲ့တွေ အာဖဂန်မှာရှုံးနိမ့်သွားအောင် လုပ်ဆောင်ခဲ့သူအဖြစ် သမ္မတ Ronald Reagan ကို အသိအမှတ်ပြု ပြောဆိုကြလေ့ရှိပေမယ့် အဲဒီလို ဖြစ်လာအောင် သမ္မတ Jimmy Carter အစိုးရက အခြေခံအုတ်မြစ်တွေချပေးခဲ့တာ ဖြစ်ပါတယ်။​

သူသမ္မတ စဖြစ်လာခါစက နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အတွေ့အကြုံမရှိသူအဖြစ် သတ်မှတ်ခံထားရတဲ့ သမ္မတကာတာဟာ ဆိုဗီယက်ပြည်ထောင်စုက အာဖဂန်ကိုဝင်မသိမ်းပိုက်ခင်ကတည်းက အာဖဂန် သူပုန်အဖွဲ့တွေကို လျှို့ဝှက် ကူညီထောက်ပံ့ပေးနေခဲ့တာပါ။ ဒီလုပ်ဆောင်မှုကို ကြည့်ခြင်းအားဖြင့် သမ္မတကာတာဟာ ဆိုဗီယက်နဲ့ နှစ်နိုင်ငံကြား တင်းမာမှုတွေလျော့ကျအောင် လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ထိပ်တိုက်ရင်ဆိုင်သွားဖို့ကိုလည်း ဝန်မလေးဘူးဆိုတာကို တွေ့နိုင်မှာဖြစ်ပါတယ်။

"သမ္မတကာတာဟာ ဘာသာရေးကိုင်းရှိုင်းသူ၊ ကိုယ့်ကျင့်တရားကောင်းမွန်သူ ဆိုပြီး လူတွေက မြင်နေတာဟာ သူသမ္မတအဖြစ်က အနားယူသွားပြီးတဲ့နောက်မှာလုပ်တဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီး ပြောနေကြတာဖြစ်ပြီး တကယ်တော့ သူ့မှာ ကြမ်းတမ်းခက်ထန်တဲ့စိတ်၊ လိုအပ်ရင် နျူကလီးယားလက်နက်အပါအဝင် တပ်အင်အားကို အသုံးချလိုတဲ့စိတ်ဓာတ်လည်း ရှိပါတယ်" လို့ Arizona တက္ကသိုလ်က ပါမောက္ခတဦးဖြစ်သူ David Gibbs က ပြောပါတယ်။​

သမ္မတကာတာ အုတ်မြစ်ချပေးခဲ့တဲ့ အာဖဂန်သူပုန်အဖွဲ့တွေကို လျှို့ဝှက် ကူညီထောက်ပံ့ရေး အစီအစဉ်က ၁၉၈၉ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ခွာပေးလိုက်ရတဲ့ အခြေခံ အကြောင်းအရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။​

ဆိုဗီယက်ပြည်ထောင်စုက အာဖဂန်ကို ၁၉၇၉ ခုနှစ်မှာ ဝင်မသိမ်းပိုက်ခင် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA က ဆိုဗီယက် ကျောထောက်နောက်ခံပေးထားတဲ့ ကွန်မြူနစ်အစိုးရကို တိုက်နေတဲ့ သူပုန်အဖွဲ့တွေကို Nonlethal Weapons - လူသတ်လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးဖို့ သမ္မတရဲ့ အမိန့်ကြေညာချက်ထုတ်ပြန် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟောင်း ကာတာရဲ့ အာဖဂနစ္စတန်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG