သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတေဟာင္းဂ်င္မီကာတာ ခြဲစိတ္မႈခံယူဖို႔ ေဆးရံုတင္ရ


အေမရိကန္သမၼတေဟာင္း Jimmy Carter (ဧၿပီ၊ ၁၃၊ ၂၀၀၈)

(Zawgyi/Unicode)

အေမရိကန္သမၼတေဟာင္း Jimmy Carter ဟာ သိပ္မၾကာခင္တုန္းက ေခ်ာ္လဲျပီး ဦးေႏွာက္ေသြးယိုရာကေန ဦးေႏွာက္ထဲ ေသြးဖိအား ေလ်ာ့လာေအာင္ ခြဲစိတ္ကုသမႈခံယူဖုိ႔ တနလၤာေန႔ ညေနပိုင္းက ေဆး႐ံုတင္လိုက္ရတဲ့အေၾကာင္း သူ႔ရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

ဒီကေန႔ အဂၤါေန႔ မနက္ပိုင္း Emory တကၠသိုလ္ ေဆး႐ံုမွာ ကုသမႈအဆင့္ဆင့္ခံယူမွာ ျဖစ္ေၾကာင္းလည္း ေျပာခြင့္ရ ဒီယားနား ကြန္ဂ်ီလီယို Deanna Congileo က ေျပာပါတယ္။

သမၼတေဟာင္း ကာတာ ဟာ ဒီႏွစ္အတြင္းမွာပဲ သံုးၾကိမ္ထက္မနည္း ေခ်ာ္လဲခဲ့တာပါ။ ျပီးခဲ့တဲ့ ေႏြဦးေပါက္ ပထမဆံုး ေခ်ာ္လဲခဲ့ခ်ိန္က ေပါင္႐ိုးအစားထိုး ခြဲစိပ္ကုသ ခဲ့ရပါတယ္။

အဲ့ဒီေနာက္ ေအာက္တိုဘာလ ၆ ရက္ေန႔က ေခ်ာ္လဲရာမွာေတာ့ ၁၄ ခ်က္ ခ်ဳပ္လိုက္ရျပီး အဲ့ဒီေနာက္ပိုင္းမွာကိုပဲ သူဟာ Tennessee ျပည္နယ္ Nashville ျမိဳ႕ကို သြားခဲ့ျပီး သဘာ၀ေဘးေၾကာင့္ ဒုကၡေရာက္ရသူေတြ အတြက္ ေနအိမ္ေတြ ျပန္လည္ ကူညီ တည္ေဆာက္ေပးတဲ့ Habitat for Humanity ပရဟိတအဖြဲ႔ လုပ္ငန္းေတြကို သြားေရာက္ လုပ္ကိုင္ခဲ့ ေသးတာပါ။

ေအာက္တိုဘာလ ၂၁ ရက္ေန႔တုန္းကလည္း တင္ပဆံု႐ိုး အက္သြားတဲ့အတြက္ ေဆး႐ံုခန တက္ခဲ့ရပါေသးတယ္။ သမၼတေဟာင္း ကာတာ ဟာ ၂၀၁၅ ခုႏွစ္မွာ ကင္ဆာေရာဂါကို အျပင္းအထန္ ခံစားခဲ့ရျပီး ျပန္လည္ ေကာင္းမြန္လာခဲ့သူ ျဖစ္ပါတယ္။

သမၼတ တာ၀န္ေတြကေန အနားယူျပီးတဲ့ေနာက္ ဆယ္စုႏွစ္ ေလးစု နီးပါးၾကာလာတဲ့အထိ၊ အသက္ ၉၅ ႏွစ္ရွိျပီျဖစ္တဲ့ သမၼတေဟာင္း ကာတာဟာ က်န္းမာေရးအရ သိပ္မေကာင္းတဲ့ၾကားကပဲ သူ႔ေမြးရပ္ဇာတိ ေဂ်ာ္ဂ်ီယာျပည္နယ္ အေနာက္ေတာင္ပိုင္း Plains ျမိဳ႕ေလးက Maranatha Baptist ဘုရားေက်ာင္း၊ တနဂၤေႏြ က်မ္းစာသင္တန္းမွာ တလ ၂ ၾကိမ္ေလာက္ စာသင္ေပးေနတာပါ။

သမၼတေဟာင္း ကာတာ ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အသက္အရွည္ဆံုး သမၼတလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတဟောင်းဂျင်မီကာတာ ခွဲစိတ်မှုခံယူဖို့ ဆေးရုံတင်ရ

အမေရိကန်သမ္မတဟောင်း Jimmy Carter ဟာ သိပ်မကြာခင်တုန်းက ချော်လဲပြီး ဦးနှောက်သွေးယိုရာကနေ ဦးနှောက်ထဲ သွေးဖိအား လျော့လာအောင် ခွဲစိတ်ကုသမှုခံယူဖို့ တနင်္လာနေ့ ညနေပိုင်းက ဆေးရုံတင်လိုက်ရတဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့ မနက်ပိုင်း Emory တက္ကသိုလ် ဆေးရုံမှာ ကုသမှုအဆင့်ဆင့်ခံယူမှာ ဖြစ်ကြောင်းလည်း ပြောခွင့်ရ ဒီယားနား ကွန်ဂျီလီယို Deanna Congileo က ပြောပါတယ်။

သမ္မတဟောင်း ကာတာ ဟာ ဒီနှစ်အတွင်းမှာပဲ သုံးကြိမ်ထက်မနည်း ချော်လဲခဲ့တာပါ။ ပြီးခဲ့တဲ့ နွေဦးပေါက် ပထမဆုံး ချော်လဲခဲ့ချိန်က ပေါင်ရိုးအစားထိုး ခွဲစိပ်ကုသ ခဲ့ရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၆ ရက်နေ့က ချော်လဲရာမှာတော့ ၁၄ ချက် ချုပ်လိုက်ရပြီး အဲ့ဒီနောက်ပိုင်းမှာကိုပဲ သူဟာ Tennessee ပြည်နယ် Nashville မြို့ကို သွားခဲ့ပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်ရသူတွေ အတွက် နေအိမ်တွေ ပြန်လည် ကူညီ တည်ဆောက်ပေးတဲ့ Habitat for Humanity ပရဟိတအဖွဲ့ လုပ်ငန်းတွေကို သွားရောက် လုပ်ကိုင်ခဲ့ သေးတာပါ။

အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း တင်ပဆုံရိုး အက်သွားတဲ့အတွက် ဆေးရုံခန တက်ခဲ့ရပါသေးတယ်။ သမ္မတဟောင်း ကာတာ ဟာ ၂၀၁၅ ခုနှစ်မှာ ကင်ဆာရောဂါကို အပြင်းအထန် ခံစားခဲ့ရပြီး ပြန်လည် ကောင်းမွန်လာခဲ့သူ ဖြစ်ပါတယ်။

သမ္မတ တာဝန်တွေကနေ အနားယူပြီးတဲ့နောက် ဆယ်စုနှစ် လေးစု နီးပါးကြာလာတဲ့အထိ၊ အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကာတာဟာ ကျန်းမာရေးအရ သိပ်မကောင်းတဲ့ကြားကပဲ သူ့မွေးရပ်ဇာတိ ဂျော်ဂျီယာပြည်နယ် အနောက်တောင်ပိုင်း Plains မြို့လေးက Maranatha Baptist ဘုရားကျောင်း၊ တနင်္ဂနွေ ကျမ်းစာသင်တန်းမှာ တလ ၂ ကြိမ်လောက် စာသင်ပေးနေတာပါ။

သမ္မတဟောင်း ကာတာ ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အသက်အရှည်ဆုံး သမ္မတလည်း ဖြစ်ပါတယ်။

XS
SM
MD
LG