သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှုအတွက် မြန်မာသံအမတ်ကို ပြင်သစ်ဆင့်ခေါ်ကန့်ကွက် 


NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ပေးကွက်မျက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုံချကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို သောကြာနေ့မှာ ပြောဆိုခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့တာပါ။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှုအတွက် မြန်မာသံအမတ်ကို ပြင်သစ်ဆင့်ခေါ်ကန့်ကွက်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။

မြန်မာ့ဒီမိုရေစီရေး ကြိုးပမ်းဆောင်ရွက်သူ ၈၈မျိုးဆက်ခေါင်းဆောင်ကိုဂျင်မီ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ တက်ကြွရှားသူ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ပေး ကွက်မျက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုံချကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြင်သစ် နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ကိုပြောဆိုခဲ့ကြောင်း AFP သတင်းက ဖော်ပြခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းစဉ်ကစပြီး မတရားသဖြင့် ဖမ်းဆီးထားတဲ့သူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး တိုင်းပြည်ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ကိုလည်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေရာမှာ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာအကြီးတန်း သံတမန်တဦးကို ဒီသီတင်းပတ်ထဲမှာပဲ ဆင့်ခေါ်ကန့်ကွက်ခဲ့တာပါ။

နိုင်ငံရေး လှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေကြား ကန့်ကွက်ဆန္ဒပြ တုံပြန်မှုတွေ ထွက်ပေါ်နေသလို၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာစီယံနိုင်ငံတွေ၊ G7 စက်မှုထိပ်သီးနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက ပစ်တင်ရှုံံ့ချကန့်ကွက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................


{{Zawgyi/Unicode}}






XS
SM
MD
LG