သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္တို႔ကို စစ္ေကာင္စီ ေသဒဏ္ခ်မွတ္


ကိုျဖိဳးေဇယ်ာေသာ္နဲ ့၈၈ျငိမ္းပြင့္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ

၈၈ မ်ိုးဆက္ ျငိမ္းခ်မ္းေရးနဲ ့ပြင့္လင္းလူ ့အဖြဲ ့အစည္းက ေခါင္းေဆာင္တဦးျဖစ္သူ ကိုေက်ာ္မင္းယု ေခၚ ကိုဂ်င္မီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ NLD ပါတီ၀င္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတဦးျဖစ္သူ၊ ထင္ရွားတဲ့ Rap ဂီတသမား ကိုျဖိဳးေဇယ်ာေသာ္တို ့ကို စစ္ေကာင္စီက ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

သူတို ့နွစ္ေယာက္ဟာ အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့ၾကျပီး၊ အၾကမ္းဖက္အဖြဲ ့အစည္းေတြနဲ ့ဆက္သြယ္လုပ္ေဆာင္ခဲ့တဲ့အတြက္လို ့စြပ္စြဲျပီး စစ္ခံုရံုးမွာ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒေတြနဲ ့ စစ္ေဆး၊ စြဲခ်က္တင္ျပီးေတာ့ ေသဒဏ္ခ်မွတ္လိုက္တဲ့အေၾကာင္း ဒီကေန ့ညသတင္းမွာ ထုတ္ျပန္သြားတာပါ။

စစ္အာဏာသိမ္းမႈကို လက္နက္ကိုင္ဆန္ ့က်င္တြန္းလွန္ေနသူေတြကို စစ္ေကာင္စီက အၾကမ္းဖက္သမားေတြအျဖစ္ တံဆိပ္ကပ္စြပ္စြဲျပီး ဖမ္းဆီး အက်ဥ္းခ်ေနတာပါ။ ၾကားကာလ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကလည္း စစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ ့အျဖစ္ ေၾကညာထားသလို၊ စစ္အာဏာသိမ္းမႈဆန္ ့က်င္သူေနေတြကလည္း ဖက္ဆစ္စစ္တပ္ဆိုျပီးေတာ့ ေခၚဆိုေနၾကတာလည္းျဖစ္ပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ သေဒဏ်ချမှတ်

(Unicode)
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ၊ ထင်ရှားတဲ့ Rap ဂီတသမား ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြပြီး၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်သွယ်လုပ်ဆောင်ခဲ့တဲ့အတွက်လို့စွပ်စွဲပြီး စစ်ခုံရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ဆေး၊ စွဲချက်တင်ပြီးတော့ သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း ဒီကနေ့ညသတင်းမှာ ထုတ်ပြန်သွားတာပါ။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တွန်းလှန်နေသူတွေကို စစ်ကောင်စီက အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်ကပ်စွပ်စွဲပြီး ဖမ်းဆီး အကျဉ်းချနေတာပါ။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသလို၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သူနေတွေကလည်း ဖက်ဆစ်စစ်တပ်ဆိုပြီးတော့ ခေါ်ဆိုနေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG