သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုယ္ဝန္ဖ်က္ခ်ခြင့္ ပယ္ဖ်က္မယ့္ တရား႐ုံးခ်ဳပ္သေဘာထားအေပၚ သမၼတဘိုင္ဒင္ေဝဖန္


US President Joe Biden

အေမရိကန္မွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို တရား၀င္ခြင့္ျပဳခဲ့တဲ့ ၁၉၇၃ ခုႏွစ္က Roe နဲ႔ Wade တို႔ရဲ႕ အမႈအေပၚ သမိုင္း၀င္ ဆုံးျဖတ္ခ်က္ကို ပယ္ဖ်က္လိုေၾကာင္း တရား႐ုံးခ်ဳပ္က ေပါက္ၾကားခဲ့တဲ့ သေဘာထား မူၾကမ္းအေပၚ သမၼတ Joe Biden က အစြန္းေရာက္တဲ့ လုပ္ရပ္အျဖစ္ ေ၀ဖန္လိုက္ပါတယ္။


ကိုယ္ဝန္ဖ်က္ခ်ခြင့္ ပယ္ဖ်က္မယ့္ တရား႐ုံးခ်ဳပ္သေဘာထားအေပၚ သမၼတဘိုင္ဒင္ေဝဖန္

{{Zawgyi/Unicode}}
အေမရိကန္မွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို တရား၀င္ခြင့္ျပဳခဲ့တဲ့ ၁၉၇၃ ခုႏွစ္က Roe နဲ႔ Wade တို႔ရဲ႕ အမႈအေပၚ သမိုင္း၀င္ ဆုံးျဖတ္ခ်က္ကို ပယ္ဖ်က္လိုေၾကာင္း တရား႐ုံးခ်ဳပ္က ေပါက္ၾကားခဲ့တဲ့ သေဘာထား မူၾကမ္းအေပၚ သမၼတ Joe Biden က အစြန္းေရာက္တဲ့ လုပ္ရပ္အျဖစ္ ေ၀ဖန္လိုက္ပါတယ္။

“ႏွစ္ေပါင္း ၅၀ အၾကာမွာ၊ အမ်ဳိးသမီးေတြ ေရြးခ်ယ္ခြင့္မရွိဘူးလို႔ ဆုံးျဖတ္မယ့္အေပၚ အႀကီးအက်ယ္ စိုးရိမ္မိပါတယ္။” လို႔ သမၼတဘိုင္ဒင္က အဂၤါေန႔မွာ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။ ဖဲြ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရ ကိုယ္၀န္ဖ်က္ခ်ခြင့္ ျပဳထားတာကို ပယ္ဖ်က္လိုက္မယ္ဆိုရင္ သေႏၶတားေဆး သုံးစဲြခြင့္၊ လိင္တူခ်င္းလက္ထပ္ခြင့္ေတြ အပါအ၀င္ တျခားလြတ္လပ္ခြင့္ေတြကိုပါ ေနာက္ဆက္တဲြ ထိခိုက္လာႏိုင္ေၾကာင္းလည္း ေျပာပါတယ္။ အေမရိကန္ တရားေရးစနစ္ရဲ႕ ျခင့္ခ်ိန္ဆုံးျဖတ္မႈေတြ အေျခခံက်က် ေျပာင္းလဲသြားလိမ့္မယ္ လို႔လည္း ေျပာဆိုခဲ့တာပါ။

အမ်ဳိးသမီးေတြဆႏၵအရ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ကာကြယ္ဖို႔ လာမယ့္ ႏို၀င္ဘာလ သက္တမ္း၀က္ ေရြးေကာက္ပဲြမွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ ေထာက္ခံတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို မဲေပးၾကဖို႔လည္း သမၼတအိမ္ျဖဴေတာ္က အဂၤါေန႔မွာပဲ တိုက္တြန္းခဲ့ပါတယ္။ ျပည္ေထာင္စု အစိုးရအဆင့္မွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ေထာက္ခံတဲ့ အထက္လႊတ္ေတာ္အမတ္ေတြနဲ႔ ေအာက္လႊတ္ေတာ္မွာ အမ်ားစုရွိဖို႔ လိုပါတယ္၊ ဒါမွသာ Roe v. Wade နဲ႔ ကိုက္ညီတဲ့ ဥပေဒတရပ္ ေရးဆဲြခ်မွတ္ၿပီး၊ လက္မွတ္ေရးထိုး အတည္ျပဳေပးႏိုင္မွာ ျဖစ္ေၾကာင္း သမၼတက အေစာပိုင္း ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆိုခဲ့ပါတယ္။

ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ျပည္နယ္လႊတ္ေတာ္ေတြက ဆုံးျဖတ္ဖို႔ တရား႐ုံးခ်ဳပ္က ရည္ရြယ္ထားေၾကာင္း သေဘာထားမူၾကမ္း တနလၤာေန႔မွာ သတင္းမီဒီယာကို ေပါက္ၾကားခဲ့ၿပီးေနာက္ ေပါက္ၾကားခဲ့တဲ့ မွတ္တမ္းဟာ အစစ္အမွန္ျဖစ္ေၾကာင္း တရား႐ုံးခ်ဳပ္က အဂၤါေန႔မွာပဲ အတည္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

ကိုယ်ဝန်ဖျက်ချခွင့် ပယ်ဖျက်မယ့် တရားရုံးချုပ်သဘောထားအပေါ် သမ္မတဘိုင်ဒင်ဝေဖန်

{{Zawgyi/Unicode}}
အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ခွင့်ပြုခဲ့တဲ့ ၁၉၇၃ ခုနှစ်က Roe နဲ့ Wade တို့ရဲ့ အမှုအပေါ် သမိုင်းဝင် ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုကြောင်း တရားရုံးချုပ်က ပေါက်ကြားခဲ့တဲ့ သဘောထား မူကြမ်းအပေါ် သမ္မတ Joe Biden က အစွန်းရောက်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။

“နှစ်ပေါင်း ၅၀ အကြာမှာ၊ အမျိုးသမီးတွေ ရွေးချယ်ခွင့်မရှိဘူးလို့ ဆုံးဖြတ်မယ့်အပေါ် အကြီးအကျယ် စိုးရိမ်မိပါတယ်။” လို့ သမ္မတဘိုင်ဒင်က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့် ပြုထားတာကို ပယ်ဖျက်လိုက်မယ်ဆိုရင် သန္ဓေတားဆေး သုံးစွဲခွင့်၊ လိင်တူချင်းလက်ထပ်ခွင့်တွေ အပါအဝင် တခြားလွတ်လပ်ခွင့်တွေကိုပါ နောက်ဆက်တွဲ ထိခိုက်လာနိုင်ကြောင်းလည်း ပြောပါတယ်။ အမေရိကန် တရားရေးစနစ်ရဲ့ ခြင့်ချိန်ဆုံးဖြတ်မှုတွေ အခြေခံကျကျ ပြောင်းလဲသွားလိမ့်မယ် လို့လည်း ပြောဆိုခဲ့တာပါ။

အမျိုးသမီးတွေဆန္ဒအရ ကိုယ်ဝန်ဖျက်ချခွင့်ကို ကာကွယ်ဖို့ လာမယ့် နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ကိုယ်ဝန်ဖျက်ချခွင့် ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးကြဖို့လည်း သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့မှာပဲ တိုက်တွန်းခဲ့ပါတယ်။ ပြည်ထောင်စု အစိုးရအဆင့်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံတဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်မှာ အများစုရှိဖို့ လိုပါတယ်၊ ဒါမှသာ Roe v. Wade နဲ့ ကိုက်ညီတဲ့ ဥပဒေတရပ် ရေးဆွဲချမှတ်ပြီး၊ လက်မှတ်ရေးထိုး အတည်ပြုပေးနိုင်မှာ ဖြစ်ကြောင်း သမ္မတက အစောပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်ကို ပြည်နယ်လွှတ်တော်တွေက ဆုံးဖြတ်ဖို့ တရားရုံးချုပ်က ရည်ရွယ်ထားကြောင်း သဘောထားမူကြမ်း တနင်္လာနေ့မှာ သတင်းမီဒီယာကို ပေါက်ကြားခဲ့ပြီးနောက် ပေါက်ကြားခဲ့တဲ့ မှတ်တမ်းဟာ အစစ်အမှန်ဖြစ်ကြောင်း တရားရုံးချုပ်က အင်္ဂါနေ့မှာပဲ အတည်ပြုခဲ့ပါတယ်။

XS
SM
MD
LG