သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ Biden အစၥေရးလ္ သြားမည္


အေမရိကန္သမၼတ Joe Biden. (ဧၿပီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden ဟာ တနဂၤေႏြေန႔က အစၥေရးလ္ဝန္ႀကီးခ်ဳပ္ Naftali Bennett နဲ႔ တယ္လီဖုန္းဆက္သြယ္ၿပီး ကာကြယ္ေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ျပႆနာေတြကို ေဆြးေႏြးခဲ့သလို လာမယ့္လေတြအတြင္း အစၥေရးလ္ကို လာေရာက္လည္ပတ္ဖို႔ အစၥေရးလ္ဝန္ႀကီးခ်ဳပ္ရဲ႕ ဖိတ္ၾကားခ်က္ကိုပါ လက္ခံလိုက္ပါတယ္။

ေခါင္းေဆာင္ ၂ ဦးဟာ အီရန္နဲ႔ သူ႔အဖြဲ႔ေတြရဲ႕ ၿခိမ္းေျခာက္မႈ အပါအဝင္ ေဒသတြင္းနဲ႔ ကမၻာတလႊား လံုၿခံဳေရးဆိုင္ရာ စိန္ေခၚမႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ သမၼတအိမ္ျဖဴက ေျပာပါတယ္။

အစၥေရးလ္နဲ႔ ပါလက္စတိုင္းၾကားက တင္းမာမႈေတြ ေလ်ာ့ပါးေစဖို႔နဲ႔ Ramadan ဥပုသ္လ ၿငိမ္းခ်မ္းစြာ ၿပီးဆံုးေစဖို႔ အစၥေရးလ္-ပါလက္စတိုင္း ႏွစ္ဖက္ တာဝန္ရွိသူေတြၾကား ႀကိဳးပမ္းေနမႈေတြကိုလည္း သမၼတ Biden က အသိအမွတ္ျပဳေၾကာင္း သမၼတအိမ္ျဖဴက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ေခါင္းေဆာင္ေဟာင္းေတြ လုပ္ေဆာင္ခဲ့သလိုပဲ သမၼတ Biden ကလည္း အစၥေရးလ္နဲ႔ အစၥေရးလ္ ကာကြယ္ေရးဆိုင္ရာ လိုအပ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ခိုင္ခိုင္မာမာ ေထာက္ခံပံ့ပိုးမွာျဖစ္ေၾကာင္း ကတိျပဳခဲ့တယ္လို႔လည္း သမၼတအိမ္ျဖဴက ေျပာပါတယ္။

ဒီအထဲမွာ အစၥေရးလ္ရဲ႕ ဒံုးခြင္းဒံုး Iron Dome ေလေၾကာင္းကာကြယ္ေရး စနစ္အတြက္ အေမရိကန္ေဒၚလာ ၁ ဘီလီယံ ထပ္မံျဖည့္ဆည္းေပးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

သမၼတ Biden အစၥေရးလ္ သြားမည္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

သမ္မတ Biden အစ္စရေးလ် သွားမည်

အမေရိကန်သမ္မတ Joe Biden ဟာ တနင်္ဂနွေနေ့က အစ္စရေးလ်ဝန်ကြီးချုပ် Naftali Bennett နဲ့ တယ်လီဖုန်းဆက်သွယ်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့သလို လာမယ့်လတွေအတွင်း အစ္စရေးလ်ကို လာရောက်လည်ပတ်ဖို့ အစ္စရေးလ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကိုပါ လက်ခံလိုက်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ အီရန်နဲ့ သူ့အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာတလွှား လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြားက တင်းမာမှုတွေ လျော့ပါးစေဖို့နဲ့ Ramadan ဥပုသ်လ ငြိမ်းချမ်းစွာ ပြီးဆုံးစေဖို့ အစ္စရေးလ်-ပါလက်စတိုင်း နှစ်ဖက် တာဝန်ရှိသူတွေကြား ကြိုးပမ်းနေမှုတွေကိုလည်း သမ္မတ Biden က အသိအမှတ်ပြုကြောင်း သမ္မတအိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ခေါင်းဆောင်ဟောင်းတွေ လုပ်ဆောင်ခဲ့သလိုပဲ သမ္မတ Biden ကလည်း အစ္စရေးလ်နဲ့ အစ္စရေးလ် ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း ကတိပြုခဲ့တယ်လို့လည်း သမ္မတအိမ်ဖြူက ပြောပါတယ်။

ဒီအထဲမှာ အစ္စရေးလ်ရဲ့ ဒုံးခွင်းဒုံး Iron Dome လေကြောင်းကာကွယ်ရေး စနစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG