(Zawgyi / Unicode)
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ အစၥေရးလ္-အာရပ္ ညီလာခံ တက္ေရာက္ဖို႔ စေနေန႔မွာ အစၥေရးလ္ကို ေရာက္ရွိသြားပါၿပီ။ ဒီခရီးစဥ္အတြင္း အီရန္ ႏ်ဴကလီးယားအေရးနဲ႔ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးဖြယ္ရွိပါတယ္။
ဝန္ႀကီး Blinken ဟာ တနဂၤေႏြေန႔မွာ အစၥေရးလ္ဝန္ႀကီးခ်ဳပ္ Naftali Bennett နဲ႔ ေတြ႔ဆံုဖို႔ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ အစၥေရးလ္ဝန္ႀကီးခ်ဳပ္ဟာ ယူကရိန္း-႐ုရွားျပႆနာ အဆံုးသတ္ေရးအတြက္ ၾကားဝင္ေဆာင္ရြက္ဖို႔ ႀကိဳးစားေနတာပါ။
အစၥေရးလ္ ႏိုင္ငံျခားေရးဝန္ႀကီး Yair Lapid က သူဟာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ အာရပ္ ၄ ႏိုင္ငံျဖစ္တဲ့ UAE အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဘာရိန္း၊ ေမာ္႐ိုကိုနဲ႔ အီဂ်စ္က ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔ သမိုင္းဝင္ ေဆြးေႏြးပြဲကို တနဂၤေႏြနဲ႔ တနလၤာေန႔ေတြမွာ အစၥေရးလ္မွာ က်င္းပမွာျဖစ္ေၾကာင္း အစၥေရးလ္ ႏိ္္ုင္ငံျခားေရးဝန္ႀကီး႐ုံးက သတင္းထုတ္ျပန္ပါတယ္။
ဒီညီလာခံကို အစၥေရးလ္ရဲ႕ ပထမဆံုးဝန္ႀကီးခ်ဳပ္ David Ben-Gurion အနားယူရာ အစၥေရးလ္ေတာင္ပိုင္း Sde Boker က ဟုိတယ္မွာ က်င္းပမွာ ျဖစ္ပါတယ္။
ဝန္ႀကီး Blinken ဟာ အေနာက္ဘက္ကမ္းကိုေရာ ေမာ္႐ိုကိုနဲ႔ အယ္လ္ဂ်ီးရီးယားကိုပါ သြားေရာက္ဖို႔ရွိၿပီး ဒီခရီးစဥ္မွာ အီရန္နဲ႔ ေဒသတြင္း လံုၿခံဳေရးဆိုင္ရာ ကိစၥရပ္ေတြကို ဦးစားေပး ေဆာင္ရြက္မွာျဖစ္သလို ပါလက္စတိုင္းသမၼတ Mahmoud Abbas နဲ႔လည္း Ramallah မွာ ေတြ႔ဆံုဖို႔ စီစဥ္ထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
----------------------------
(Unicode)
အစ္စရေးလ်-အာရပ် ထိပ်သီးညီလာခံမှာ ကန်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတကာအရေး ဆွေးနွေးမည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးလ်-အာရပ် ညီလာခံ တက်ရောက်ဖို့ စနေနေ့မှာ အစ္စရေးလ်ကို ရောက်ရှိသွားပါပြီ။ ဒီခရီးစဉ်အတွင်း အီရန် နျူကလီးယားအရေးနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖွယ်ရှိပါတယ်။
ဝန်ကြီး Blinken ဟာ တနင်္ဂနွေနေ့မှာ အစ္စရေးလ်ဝန်ကြီးချုပ် Naftali Bennett နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ်ဟာ ယူကရိန်း-ရုရှားပြဿနာ အဆုံးသတ်ရေးအတွက် ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားနေတာပါ။
အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီး Yair Lapid က သူဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အာရပ် ၄ နိုင်ငံဖြစ်တဲ့ UAE အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ မော်ရိုကိုနဲ့ အီဂျစ်က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သမိုင်းဝင် ဆွေးနွေးပွဲကို တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အစ္စရေးလ်မှာ ကျင်းပမှာဖြစ်ကြောင်း အစ္စရေးလ် နိ်ုင်ငံခြားရေးဝန်ကြီးရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီညီလာခံကို အစ္စရေးလ်ရဲ့ ပထမဆုံးဝန်ကြီးချုပ် David Ben-Gurion အနားယူရာ အစ္စရေးလ်တောင်ပိုင်း Sde Boker က ဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဝန်ကြီး Blinken ဟာ အနောက်ဘက်ကမ်းကိုရော မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယားကိုပါ သွားရောက်ဖို့ရှိပြီး ဒီခရီးစဉ်မှာ အီရန်နဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်မှာဖြစ်သလို ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့လည်း Ramallah မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။