သစ္ပင္ေတြ အကာကြယ္ေပးဖို႔ ေျမကမၻာေန႔ အထိမ္းအမွတ္ ကန္သမၼတ အမိန္႔ထုတ္ျပန္
{{Zawgyi/Unicode}}
မေန႔က က်ေရာက္တဲ့ ေျမကမၻာေန႔ Earth Day အထိမ္းအမွတ္အေနနဲ႔ ႏိုင္ငံရဲ႕ အႀကီးဆုံး နဲ႔ ေရွးအက်ဆုံး သစ္ပင္တခ်ဳိ႕ကို အကာအကြယ္ေပးဖို႔ အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္ က လက္မွတ္ထိုးၿပီး အမိန္႔စာ ထုတ္ျပန္လိုက္ပါတယ္။
ဝါရွင္တန္ျပည္နယ္ ခရီးစဥ္အတြင္း သူအေနနဲ႔ လက္မွတ္ထိုးထုတ္ျပန္ခဲ့တဲ့ အမိန္႔အရ သစ္ေတာဌာန၊ ေျမယာစီမံခန္႔ခြဲေရးဌာန နဲ႔ အမ်ဳိးသားဥယ်ာဥ္ ဝန္ေဆာင္မႈဌာနတို႔အေနနဲ႔ ေတာမီးေလာင္ကြ်မ္းမႈ နဲ႔ ရာသီဥတု႔ေျပာင္းလည္းမႈေတြရဲ႕ ၿခိမ္းေျခာက္မႈ အႏၲရာယ္ ေတြကေန အဲဒီ သစ္ပင္ႀကီးေတြကို အကာအကြယ္ေပးဖို႔ လုပ္ေဆာင္ရမွာျဖစ္ပါတယ္ ။
အဲဒီသစ္ပင္ႀကီးေတြအေနနဲ႔ ကမၻာႀကီးပူေႏြးလာမႈကိုျဖစ္ေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႕ေတြကို အမ်ားအျပား စုပ္ယူႏိုင္တဲ့အတြက္ေၾကာင့္ ဥတုရာသီ ေျပာင္းလည္းမႈကို အကာအကြယ္ေပးႏိုင္တဲ့ မိတ္ဘက္ ေတြျဖစ္ပါတယ္။ သစ္ပင္အျမင့္ႀကီးေတြဖံုးလႊမ္းေနတဲ့ Redwood သစ္ေတာေတြက ကမာၻမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဖန္လံုဓါတ္ေငြ႕ကို ထိထိေရာက္ေရာက္ စုပ္ယူထားႏိုင္တယ္လို႔ ႏိုင္တယ္လို႔ သိပၸြံပညာရွင္ေတြက ေျပာၾကားေနေပမယ့္ မၾကာေသးခင္ကပဲ ေထာင္နဲ႔ ခ်ီတဲ့ အပင္ေတြ ပ်က္စီးဆံုးရႈံးခဲ့ရတာ ျဖစ္ပါတယ္။
သမၼတဂ်ဳိဘိုင္ဒန္ ရဲ႕ အမိန္႔အရ ဗဟိုအစိုးရ သစ္ေတာ မန္ေနဂ်ာေတြဟာ တႏွစ္အတြင္း ႏိုင္ငံအႏွံက အဲဒီလို သစ္ပင္ႀကီးေတြကို ခြဲျခား သတ္မွတ္ ေရတြက္ ေပးရမွာျဖစ္ပါတယ္။ အဲဒီလိုလုပ္ေဆာင္မႈဟာ မၾကာခင္ႏွစ္ေတြက မိုးေခါင္မႈ၊ ေတာမီးေလာင္မႈ နဲ႔ အပင္ေရာဂါေတြေၾကာင့္ ပ်က္စီးၿပဳန္းတီးကုန္တဲ့ သစ္ေတာေတြကို ကာကြယ္ေစာင့္ေရွာက္မႈရာ ေရာက္ေစပါတယ္။
............................................................
သစ်ပင်တွေ အကာကွယ်ပေးဖို့ မြေကမ္ဘာနေ့ အထိမ်းအမှတ် ကန်သမ္မတ အမိန့်ထုတ်ပြန်
{{Zawgyi/Unicode}}
မနေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့ Earth Day အထိမ်းအမှတ်အနေနဲ့ နိုင်ငံရဲ့ အကြီးဆုံး နဲ့ ရှေးအကျဆုံး သစ်ပင်တချို့ကို အကာအကွယ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။
ဝါရှင်တန်ပြည်နယ် ခရီးစဉ်အတွင်း သူအနေနဲ့ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ အမိန့်အရ သစ်တောဌာန၊ မြေယာစီမံခန့်ခွဲရေးဌာန နဲ့ အမျိုးသားဥယျာဉ် ဝန်ဆောင်မှုဌာနတို့အနေနဲ့ တောမီးလောင်ကျွမ်းမှု နဲ့ ရာသီဥတု့ပြောင်းလည်းမှုတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် တွေကနေ အဲဒီ သစ်ပင်ကြီးတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ် ။
အဲဒီသစ်ပင်ကြီးတွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေကို အများအပြား စုပ်ယူနိုင်တဲ့အတွက်ကြောင့် ဥတုရာသီ ပြောင်းလည်းမှုကို အကာအကွယ်ပေးနိုင်တဲ့ မိတ်ဘက် တွေဖြစ်ပါတယ်။ သစ်ပင်အမြင့်ကြီးတွေဖုံးလွှမ်းနေတဲ့ Redwood သစ်တောတွေက ကမ္ဘာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖန်လုံဓါတ်ငွေ့ကို ထိထိရောက်ရောက် စုပ်ယူထားနိုင်တယ်လို့ နိုင်တယ်လို့ သိပ္ပွံပညာရှင်တွေက ပြောကြားနေပေမယ့် မကြာသေးခင်ကပဲ ထောင်နဲ့ ချီတဲ့ အပင်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
သမ္မတဂျိုဘိုင်ဒန် ရဲ့ အမိန့်အရ ဗဟိုအစိုးရ သစ်တော မန်နေဂျာတွေဟာ တနှစ်အတွင်း နိုင်ငံအနှံက အဲဒီလို သစ်ပင်ကြီးတွေကို ခွဲခြား သတ်မှတ် ရေတွက် ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်မှုဟာ မကြာခင်နှစ်တွေက မိုးခေါင်မှု၊ တောမီးလောင်မှု နဲ့ အပင်ရောဂါတွေကြောင့် ပျက်စီးပြုန်းတီးကုန်တဲ့ သစ်တောတွေကို ကာကွယ်စောင့်ရှောက်မှုရာ ရောက်စေပါတယ်။