႐ုရွားအေပၚ မဟာမိတ္ေတြနဲ႔အတူ တိုးျမႇင့္ဖိအားေပးဖို႔ သမၼတဘိုင္ဒင္ ကတိျပဳ
{{Zawgyi/Unicode}}
ယူကရိန္း အေရွ႕ပိုင္းမွာ ထိုးစစ္ အသစ္ စတင္ေၾကာင္း ရုရွား တာ၀န္ရွိသူေတြက ေၾကညာလိုက္တဲ႔ အဂၤါေန႔မွာဘဲ အေမရိကန္နဲ႔ NATO မဟာမိတ္ေတြက ရုရွား အစိုးရ အေပၚမွာ တိုးျမႇင့္ ဖိအားေပးသြားမယ့္ အေၾကာင္း အေမရိကန္ သမၼတ Joe Biden က ေျပာဆိုလိုက္ပါတယ္။
အဂၤါေန႔ မနက္ပိုင္းက ၿဗိတိန္၊ ကေနဒါ၊ ဥေရာပ ေကာ္မရွင္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္၊ NATO ၊ ပိုလန္နဲ႔ ရိုေမးနီးယား ေခါင္းေဆာင္ေတြနဲ႔ သမၼတ Biden တို႔ ဖုန္းဆက္ ေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး ဒါဟာ တစုတစည္းတည္း ရွိေနေစေရး ေဆာင္ရြက္မႈ ျဖစ္ေၾကာင္း သမၼတ Biden က New Hampshire မွာ ေျပာဆိုခဲ႔တာပါ။
ေဆာင္ရြက္ခ်က္ေတြထဲက တခုကေတာ့ တျခားႏုိင္ငံေတြအေနနဲ႔ သူတို႔ရဲ႕ အရန္ ေရနံေတြကို ထုတ္ေပးေရး သေဘာတူညီခ်က္ ရရွိေရး ျဖစ္ေၾကာင္းလည္း သမၼတ Biden က ေျပာပါတယ္။ ယူကရိန္း အစိုးရကို လက္နက္ေတြနဲ႔ လံုၿခံဳေရးဆိုင္ရာ အကူအညီ ပိုၿပီး ေပးေအပ္ေရးအတြက္ ၿဗိတိန္နဲ႔ တျခား ေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ႔ေၾကာင္းလည္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က ေျပာပါတယ္။
ယူကရိန္းႏုိင္ငံ Donbas ေဒသတ၀န္းကို ပစ္မွတ္ထားၿပီး ရုရွားဘက္က တိုက္ခုိက္မႈနဲ႔ အတူ ယူကရိန္း အေရွ႕ပိုင္းကို ထိန္းခ်ဳပ္ႏုိင္ေရး အတြက္ ထိုးစစ္ အသစ္ စတင္ေၾကာင္း ရုရွားက အဂၤါေန႔မွာ ေၾကညာပါတယ္။ ဒါေပမယ့္လည္း ကနဦး တိုက္ခုိက္မႈ တခ်ိဳ႕ကို ျပန္လည္တိုက္ခုိက္ႏုိင္သလို ပိုင္နက္ကိုလည္း ကာကြယ္ေနေၾကာင္း ယူကရိန္းဘက္က ေျပာပါတယ္။
ဒီ စစ္ဆင္ေရးရဲ႕ ေနာက္တဆင့္ကို စတင္ေနၿပီလို႔လည္း ရုရွား ႏုိင္ငံျခားေရး ၀န္ႀကီး Sergey Lavrov က ေျပာပါတယ္။ ရုရွား အစိုးရရဲက ရည္မွန္းခ်က္က ယူကရိန္း အေရွ႕ပိုင္းက Donetsk နဲ႔ Luhansk နယ္ေျမေတြ အျပည့္အ၀ လြတ္ေျမာက္ေရး ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။
...................................................................
ရုရှားအပေါ် မဟာမိတ်တွေနဲ့အတူ တိုးမြှင့်ဖိအားပေးဖို့ သမ္မတဘိုင်ဒင် ကတိပြု
{{Zawgyi/Unicode}}
ယူကရိန်း အရှေ့ပိုင်းမှာ ထိုးစစ် အသစ် စတင်ကြောင်း ရုရှား တာဝန်ရှိသူတွေက ကြေညာလိုက်တဲ့ အင်္ဂါနေ့မှာဘဲ အမေရိကန်နဲ့ NATO မဟာမိတ်တွေက ရုရှား အစိုးရ အပေါ်မှာ တိုးမြှင့် ဖိအားပေးသွားမယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းက ဗြိတိန်၊ ကနေဒါ၊ ဥရောပ ကော်မရှင်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ NATO ၊ ပိုလန်နဲ့ ရိုမေးနီးယား ခေါင်းဆောင်တွေနဲ့ သမ္မတ Biden တို့ ဖုန်းဆက် ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဒါဟာ တစုတစည်းတည်း ရှိနေစေရေး ဆောင်ရွက်မှု ဖြစ်ကြောင်း သမ္မတ Biden က New Hampshire မှာ ပြောဆိုခဲ့တာပါ။
ဆောင်ရွက်ချက်တွေထဲက တခုကတော့ တခြားနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အရန် ရေနံတွေကို ထုတ်ပေးရေး သဘောတူညီချက် ရရှိရေး ဖြစ်ကြောင်းလည်း သမ္မတ Biden က ပြောပါတယ်။ ယူကရိန်း အစိုးရကို လက်နက်တွေနဲ့ လုံခြုံရေးဆိုင်ရာ အကူအညီ ပိုပြီး ပေးအေပ်ရေးအတွက် ဗြိတိန်နဲ့ တခြား ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ပြောပါတယ်။
ယူကရိန်းနိုင်ငံ Donbas ဒေသတဝန်းကို ပစ်မှတ်ထားပြီး ရုရှားဘက်က တိုက်ခိုက်မှုနဲ့ အတူ ယူကရိန်း အရှေ့ပိုင်းကို ထိန်းချုပ်နိုင်ရေး အတွက် ထိုးစစ် အသစ် စတင်ကြောင်း ရုရှားက အင်္ဂါနေ့မှာ ကြေညာပါတယ်။ ဒါပေမယ့်လည်း ကနဦး တိုက်ခိုက်မှု တချို့ကို ပြန်လည်တိုက်ခိုက်နိုင်သလို ပိုင်နက်ကိုလည်း ကာကွယ်နေကြောင်း ယူကရိန်းဘက်က ပြောပါတယ်။
ဒီ စစ်ဆင်ရေးရဲ့ နောက်တဆင့်ကို စတင်နေပြီလို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က ပြောပါတယ်။ ရုရှား အစိုးရရဲက ရည်မှန်းချက်က ယူကရိန်း အရှေ့ပိုင်းက Donetsk နဲ့ Luhansk နယ်မြေတွေ အပြည့်အ၀ လွတ်မြောက်ရေး ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။