သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒန္ ဒုသမၼတ လက္ထက္ လွ်ိဳ႕ဝွက္မွတ္တမ္းတခ်ိဳ႕ ထပ္မံေတြ႕ရွိ


Biden Wilmington

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ အေနနဲ႔ ဟိုအရင္ ဒုတိယ သမၼတ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ေမာ္ကြန္းတိုက္ကို အပ္ႏွံရမဲ့ အစိုးရစာရြက္စာတမ္းေတြကို Delaware ျပည္နယ္ Wilmington ၿမိဳ႕က သူ႔ေနအိမ္မွာ  သူရဲ႕ေရွ႕ေနေတြက ထပ္မံၿပီး ရွာေတြ႔ခဲ့တယ္လို႔ အိမ္ျဖဴေတာ္ က ေျပာပါတယ္။ 

သမၼတဘိုင္ဒန္ ဒုသမၼတ လက္ထက္ လွ်ိဳ႕ဝွက္မွတ္တမ္းတခ်ိဳ႕ ထပ္မံေတြ႕ရွိ

{{Zawgyi/Unicode}}
အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ အေနနဲ႔ ဟိုအရင္ ဒုတိယ သမၼတ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ေမာ္ကြန္းတိုက္ကို အပ္ႏွံရမဲ့ အစိုးရစာရြက္စာတမ္းေတြကို Delaware ျပည္နယ္ Wilmington ၿမိဳ႕က သူ႔ေနအိမ္မွာ သူရဲ႕ေရွ႕ေနေတြက ထပ္မံၿပီး ရွာေတြ႔ခဲ့တယ္လို႔ အိမ္ျဖဴေတာ္ က ေျပာပါတယ္။

သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ကိုယ္ပိုင္စာၾကည့္တိုက္ ကေန အပ္ႏွံရမဲ့ စာရြက္ ၆ ရြက္ ကို ေတြ႔ရွိခဲ့တာလို႔ အိမ္ျဖဴေတာ္ ေရွ႕ေန Richard Sauber က စေနေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။ အရင္တုန္းက အဲဒီေနရာမွာပဲ စာရြက္တရြက္ ကိုသာေတြ႕ရွိခဲ့ရတာ ျဖစ္ေၾကာင္းလည္း သမၼတအိမ္ျဖဴက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာအတြင္း က သမၼတ ရဲ႔ ပုဂၢိဳလိကေနအိမ္ ရွိ ကားဂိုေထာင္ ကေန စာရြက္စာတမ္းေတြ ရွာေဖြေတြ႔ရွိခဲ့သလို ႏိုဝင္ဘာလထဲကေတာ့ သူ ဒုတိယ သမၼတ တာဝန္ထမ္းေဆာင္ခဲ့စဥ္ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္က ရုံးခန္း အေဟာင္း ျဖစ္တဲ့ Penn Biden Center ကေန ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

သမၼတတဦးအေနနဲ႔ တာဝန္ၿပီးဆံုးခ်ိန္မွာ အစိုးရ စာရြက္စာတမ္းေတြကို ေမာ္ကြန္းတိုက္ကို အပ္ႏွံဖို႔ ပ်က္ကြက္ခဲ့တာနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးဖို႔ အတြက္ ႏိုင္ငံေတာ္ ေရွ႕ေနခ်ဳပ္ Merrick Garland က အစိုးရေရွ႕ေနေဟာင္း တဦးျဖစ္တဲ့ Robert Hur ကို အထူးအရာရွိ အျဖစ္ ခန္႔အပ္ခဲ့ပါတယ္။

သမၼတဂ်ိဳးဘိုင္ဒန္ အေနနဲ႔လည္း ဒီကိစၥ နဲ႔ပတ္သက္ၿပီး အျပည့္အဝ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေျပာဆိုထားေၾကာင္း အိမ္ျဖဴေတာ္ က ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

သမ္မတဘိုင်ဒန် ဒုသမ္မတ လက်ထက် လျှို့ဝှက်မှတ်တမ်းတချို့ ထပ်မံတွေ့ရှိ

{{Zawgyi/Unicode}}
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ဟိုအရင် ဒုတိယ သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မော်ကွန်းတိုက်ကို အပ်နှံရမဲ့ အစိုးရစာရွက်စာတမ်းတွေကို Delaware ပြည်နယ် Wilmington မြို့က သူ့နေအိမ်မှာ သူရဲ့ရှေ့နေတွေက ထပ်မံပြီး ရှာတွေ့ခဲ့တယ်လို့ အိမ်ဖြူတော် က ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက် ကနေ အပ်နှံရမဲ့ စာရွက် ၆ ရွက် ကို တွေ့ရှိခဲ့တာလို့ အိမ်ဖြူတော် ရှေ့နေ Richard Sauber က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အရင်တုန်းက အဲဒီနေရာမှာပဲ စာရွက်တရွက် ကိုသာတွေ့ရှိခဲ့ရတာ ဖြစ်ကြောင်းလည်း သမ္မတအိမ်ဖြူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်း က သမ္မတ ရဲ့ ပုဂ္ဂိုလိကနေအိမ် ရှိ ကားဂိုထောင် ကနေ စာရွက်စာတမ်းတွေ ရှာဖွေတွေ့ရှိခဲ့သလို နိုဝင်ဘာလထဲကတော့ သူ ဒုတိယ သမ္မတ တာဝန်ထမ်းဆောင်ခဲ့စဉ် ဝါရှင်တန်ဒီစီမြို့တော်က ရုံးခန်း အဟောင်း ဖြစ်တဲ့ Penn Biden Center ကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သမ္မတတဦးအနေနဲ့ တာဝန်ပြီးဆုံးချိန်မှာ အစိုးရ စာရွက်စာတမ်းတွေကို မော်ကွန်းတိုက်ကို အပ်နှံဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အတွက် နိုင်ငံတော် ရှေ့နေချုပ် Merrick Garland က အစိုးရရှေ့နေဟောင်း တဦးဖြစ်တဲ့ Robert Hur ကို အထူးအရာရှိ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန် အနေနဲ့လည်း ဒီကိစ္စ နဲ့ပတ်သက်ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားကြောင်း အိမ်ဖြူတော် က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG