အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ (Joe Biden) ဒုသမၼတလက္ထက္က ႏိုင္ငံေတာ္ ေမာ္ကြန္းတိုက္ကို အပ္ရမယ့္ လွ်ိဳ႕ဝွက္မွတ္တမ္း အေထာက္အထား ေနာက္ထပ္ အတြဲတတြဲ သူ႔႐ုံးခန္းေဟာင္းနဲ႔ မဆိုင္တဲ့ တျခား ေနရာတခုကေန သူ႔ရဲ႕ ကိုယ္ေရးအရာရွိေတြက ထပ္မံေတြ႕ရွိခဲ့ပါတယ္။
သမၼတေဟာင္း အိုဘားမားလက္ထက္ ဂ်ိဳးဘိုင္ဒန္ ဒုသမၼတအျဖစ္တာဝန္ထမ္းခဲ့ၿပီးေနာက္ပိုင္းနဲ႔ သမၼတေ႐ြးေကာက္ပြဲ မဝင္ခင္ ၾကားကာလအတြင္း သူ အသုံးျပဳခဲ့တဲ့ ႐ုံးနဲ႔ မဆိုင္တဲ့ သီးျခားေနရာတခုမွာ အစိုးရလွ်ိဳ႕ဝွက္မွတ္တမ္းကို ေတြ႕ခဲ့တာလို႔ အမည္မေဖာ္လိုတဲ့ သတင္းရပ္ကြက္ကို ကိုကားၿပီး သတင္းေတြမွာ ေရးပါတယ္။
ဂ်ိဳးဘိုင္ဒန္ေ႐ြးေကာက္ပြဲမဝင္ခင္ အသုံးျပဳခဲ့တဲ့ ဝါရွင္တန္အေျခစိုက္ Penn Biden Center ကေန လွ်ိဳ႕ဝွက္မွတ္တမ္းတခ်ိဳ႕ ႏိုဝင္ဘာလက ေတြ႕ခဲ့ၿပီးတဲ့အေၾကာင္း သူ႔ရဲ႕ ကိုယ္ပိုင္ ေရွ႕ေနေတြက ေျပာဆိုထားပါတယ္။ တျခား ေနရာေတြမွာလည္း အလားတူ မွတ္တမ္းေတြ ရွိမရွိ သမၼတရဲ႕ ကိုယ္ေရးအရာရွိေတြ ထပ္မံ ရွာေဖြခဲ့တဲ့အေၾကာင္း NBC နဲ႔ CNN သတင္းေတြမွာ ေရးပါတယ္။
အခု ထပ္ေတြ႕တဲ့မွတ္တမ္းရဲ႕ လွ်ိဳ႕ဝွက္ သတ္မွတ္အဆင့္၊ အေရအတြက္နဲ႔ ေတြ႕ရွိတဲ့ ေနရာအတိအက်ကိုေတာ့ လတ္တေလာ ရွင္းရွင္းလင္းလင္း မသိရဘူးလို႔ NBC သတင္းမွာ ေဖာ္ျပပါတယ္။ ဘယ္အခ်ိန္မွာ ထပ္ေတြ႕ခဲ့တယ္ ဆိုတာရယ္၊ ေနာက္ထပ္ လွ်ိဳ႕ဝွက္မွတ္တမ္းေတြ ရွာေဖြတာ ၿပီးစီးသြားၿပီလားဆိုတာလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
သမၼတဂ်ိဳးဘိုင္ဒန္ကေတာ့ ဒီမွတ္တမ္းေတြဟာ ေမာ္ကြန္းတိုက္ကို ပို႔ရမယ့္ လ်ိဳ႕ဝွက္အေထာက္အထားေတြဆိုတာ သူ မသိခဲ့တဲ့အေၾကာင္းနဲ႔ ဒီကိစၥမွာ သူ႔ဘက္က အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္တဲ့အေၾကာင္း ေျပာဆိုပါတယ္။
{Unicode}
သမ္မတဘိုင်ဒန် ဒုသမ္မတလက်ထက် လျှို့ဝှက်မှတ်တမ်းတချို့ထပ်တွေ့
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ဒုသမ္မတလက်ထက်က နိုင်ငံတော် မော်ကွန်းတိုက်ကို အပ်ရမယ့် လျှို့ဝှက်မှတ်တမ်း အထောက်အထား နောက်ထပ် အတွဲတတွဲ သူ့ရုံးခန်းဟောင်းနဲ့ မဆိုင်တဲ့ တခြား နေရာတခုကနေ သူ့ရဲ့ ကိုယ်ရေးအရာရှိတွေက ထပ်မံတွေ့ရှိခဲ့ပါတယ်။
သမ္မတဟောင်း အိုဘားမားလက်ထက် ဂျိုးဘိုင်ဒန် ဒုသမ္မတအဖြစ်တာဝန်ထမ်းခဲ့ပြီးနောက်ပိုင်းနဲ့ သမ္မတရွေးကောက်ပွဲ မဝင်ခင် ကြားကာလအတွင်း သူ အသုံးပြုခဲ့တဲ့ ရုံးနဲ့ မဆိုင်တဲ့ သီးခြားနေရာတခုမှာ အစိုးရလျှို့ဝှက်မှတ်တမ်းကို တွေ့ခဲ့တာလို့ အမည်မဖော်လိုတဲ့ သတင်းရပ်ကွက်ကို ကိုကားပြီး သတင်းတွေမှာ ရေးပါတယ်။
ဂျိုးဘိုင်ဒန်ရွေးကောက်ပွဲမဝင်ခင် အသုံးပြုခဲ့တဲ့ ဝါရှင်တန်အခြေစိုက် Penn Biden Center ကနေ လျှို့ဝှက်မှတ်တမ်းတချို့ နိုဝင်ဘာလက တွေ့ခဲ့ပြီးတဲ့အကြောင်း သူ့ရဲ့ ကိုယ်ပိုင် ရှေ့နေတွေက ပြောဆိုထားပါတယ်။ တခြား နေရာတွေမှာလည်း အလားတူ မှတ်တမ်းတွေ ရှိမရှိ သမ္မတရဲ့ ကိုယ်ရေးအရာရှိတွေ ထပ်မံ ရှာဖွေခဲ့တဲ့အကြောင်း NBC နဲ့ CNN သတင်းတွေမှာ ရေးပါတယ်။
အခု ထပ်တွေ့တဲ့မှတ်တမ်းရဲ့ လျှို့ဝှက် သတ်မှတ်အဆင့်၊ အရေအတွက်နဲ့ တွေ့ရှိတဲ့ နေရာအတိအကျကိုတော့ လတ်တလော ရှင်းရှင်းလင်းလင်း မသိရဘူးလို့ NBC သတင်းမှာ ဖော်ပြပါတယ်။ ဘယ်အချိန်မှာ ထပ်တွေ့ခဲ့တယ် ဆိုတာရယ်၊ နောက်ထပ် လျှို့ဝှက်မှတ်တမ်းတွေ ရှာဖွေတာ ပြီးစီးသွားပြီလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတဂျိုးဘိုင်ဒန်ကတော့ ဒီမှတ်တမ်းတွေဟာ မော်ကွန်းတိုက်ကို ပို့ရမယ့် လျို့ဝှက်အထောက်အထားတွေဆိုတာ သူ မသိခဲ့တဲ့အကြောင်းနဲ့ ဒီကိစ္စမှာ သူ့ဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။