သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီအရေးထောက်ခံသူ ကန် အထက်လွှတ်တော်အမတ်ဟောင်း Joe Lieberman ကွယ်လွန်


အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း Joe Lieberman
အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း Joe Lieberman

မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံသူ အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း Joe Lieberman ဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် ပစ်မှတ်ထားအရေးယူပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးတဲ့ Burmese Freedom and Democracy Act of 2003 ဒဏ်ခတ်ဥပဒေကို တောက်လျှောက် အထက်လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့တဲ့ လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် ဒီမိုကရေစီရေး ပြောင်းလဲတဲ့ လမ်းစပေါ်ခဲ့ချိန် ၂၀၁၂ ခုနှစ်က အခုကွယ်လွန်သွားပြီဖြစ်တဲ့ လွှတ်တော်အမတ်ဟောင်း John McCain အပြင် လွှတ်တော်အမတ်တချို့နဲ့ အတူ Mr. Lieberman မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့် မသင့် ဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်တို့နဲ့ အမေရိကန်လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီအသွင်ပြောင်းလဲမှုတွေ အပေါ် အားရကြောင်း ပြောခဲ့ကြပါတယ်။

သူတို့ခရီးစဉ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားဖို့ လမ်းပွင့်သွားစေခဲ့တယ်လို့ ဝါရှင်တန်နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်မှုကို စစ်တပ်က ပယ်ဖျက်လို့ ရမှာ မဟုတ်ဘူးလို့ တခြား အမေရိကန်အထက်လွှတ်တော်အမတ်တွေနဲ့အတူ လွှတ်တော်အမတ်ဟောင်း Lieberman ကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အမတ်ဟောင်း Joe Lieberman ဟာ ချော်လဲကျပြီး နောက်ဆက်တွဲဒဏ်ကြောင့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုက ထုတ်ပြန်ပါတယ်။ Connecticut ပြည်နယ် အထက်လွှတ်တော်အဖြစ် ၁၉၈၈ ခုနှစ်ကနေ ၂၄ နှစ်ကြာ တာဝန်ယူခဲ့သူ Mr. Lieberman ဟာ ၂၀၀၀ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Al Gore ရဲ့ ဒုသမ္မတလောင်းအဖြစ် အဆိုပြုခံခဲ့ရသူဖြစ်ပါတယ်။ သူဟာနောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီကနေ နှုတ်ထွက်ခဲ့ပြီး တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ အနားယူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG