သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘုိင္ဒန္ လွ်ဳိ႕ဝွက္မွတ္တမ္းေတြကိုင္တြယ္မႈ တရားေရးဌာန အထူးစုံစမ္းေရးမွဴး စစ္ေဆးမည္ 


သမၼတဂ်ဳိးဘုိင္ဒန္ ၂၀၁၇ ခုႏွစ္ ဒုသမၼတတာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ေမာ္ကြန္းတုိက္ကိုအပ္ရမယ့္ လွ်ဳိ႕ဝွက္မွတ္တမ္းဖိုင္ေတြအေၾကာင္းစံုစမ္းစစ္ေဆးသြားမယ့္ ဗဟိုအစိုးရေရွ႕ေနေဟာင္း  Robert Hur ki te travay anvan sa kom Minis Jistis adjwen. Se ansyen Prezidan Donald Trump ki nomen li.

[[Zawgyi/Unicode]]

အေမရိကန္သမၼတ Joe Biden အေနနဲ႔ အရင္ ဒုတိယသမၼတတာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ၂ဝ၁၇ ခုႏွစ္က ေမာ္ကြန္းတိုက္ကိုအပ္ႏွံရမယ့္ လွ်ိဳ႕ဝွက္မွတ္တမ္းအေထာက္အထားေတြကို သူရဲ႕ Delaware ျပည္နယ္က ကိုယ္ပိုင္ေနအိမ္မွာပဲ သိမ္းဆည္းခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ အထူးအရာရွိတဦးကို ႏိုင္ငံေတာ္ ေရွ႕ေနခ်ဳပ္ Merrick Garland က ၾကာသပေတးေန႔က အမည္စာရင္း တင္သြင္းလိုက္ပါတယ္။

“က်ေနာ့္အေနနဲ႔ ဒီကိစၥကို စုံစမ္းစစ္ေဆးဖို႔ တရားေရးဌာနရဲ႕လုပ္နည္းလုပ္ထုံးေတြနဲ႔အညီ ဗဟိုအစိုးရ ေရွ႕ေနေဟာင္း Robert Hur ကိုခန႔္အပ္ဖို႔ ေ႐ြးခ်ယ္လိုက္ပါတယ္”-လို႔ ႏိုင္ငံေတာ္ ေရွ႕ေနခ်ဳပ္ Merrick Garland က ေၾကညာလိုက္တာပါ။

အခုေ႐ြးခ်ယ္လိုက္တဲ့ Robert Hur ဟာ ေမရီလန္းျပည္နယ္အေရွ႕ပိုင္းက ဗဟိုအစိုးရ ေရွ႕ေနေဟာင္းတဦးျဖစ္ၿပီး သမၼတ Joe Biden ဒုတိယသမၼတ တာဝန္ထမ္းေဆာင္စဥ္က မအပ္ႏွံခဲ့တဲ့ စာ႐ြက္စာတမ္းေတြကိစၥကို စုံစမ္းမွာျဖစ္ပါတယ္။

Republicans ပါတီက အမတ္တခ်ိဳ႕ကေန Garland ကို အထူးစုံစမ္းစစ္ေဆးေရးအရာရွိခန႔္အပ္ၿပီး ဒီမိုကရက္ပါတီသမၼတကို စုံစမ္းစစ္ေဆးေပးဖို႔ တိုက္တြန္း ေတာင္းဆိုၾကပါတယ္။ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒သစ္ Kevin Mc Carthy ကလည္း ကြန္ကရက္လႊတ္ေတာ္အေနနဲ႔ ဒီကိစၥကို စုံစမ္းစစ္ေဆးသင့္တယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။ သမၼတအိမ္ျဖဴေတာ္ကေတာ့ စုံစမ္းစစ္ေဆးမႈမွာ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားမယ့္အေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============


[[Unicode]]

သမ္မတဘိုင်ဒန် လျှို့ဝှက်မှတ်တမ်းတွေကိုင်တွယ်မှု တရားရေးဌာန အထူးစုံစမ်းရေးမှူး စစ်ဆေးမည်

အမေရိကန်သမ္မတ Joe Biden အနေနဲ့ အရင် ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ်က မော်ကွန်းတိုက်ကိုအပ်နှံရမယ့် လျှို့ဝှက်မှတ်တမ်းအထောက်အထားတွေကို သူရဲ့ Delaware ပြည်နယ်က ကိုယ်ပိုင်နေအိမ်မှာပဲ သိမ်းဆည်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အထူးအရာရှိတဦးကို နိုင်ငံတော် ရှေ့နေချုပ် Merrick Garland က ကြာသပတေးနေ့က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

“ကျနော့်အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တရားရေးဌာနရဲ့လုပ်နည်းလုပ်ထုံးတွေနဲ့အညီ ဗဟိုအစိုးရ ရှေ့နေဟောင်း Robert Hur ကိုခန့်အပ်ဖို့ ရွေးချယ်လိုက်ပါတယ်”-လို့ နိုင်ငံတော် ရှေ့နေချုပ် Merrick Garland က ကြေညာလိုက်တာပါ။

အခုရွေးချယ်လိုက်တဲ့ Robert Hur ဟာ မေရီလန်းပြည်နယ်အရှေ့ပိုင်းက ဗဟိုအစိုးရ ရှေ့နေဟောင်းတဦးဖြစ်ပြီး သမ္မတ Joe Biden ဒုတိယသမ္မတ တာဝန်ထမ်းဆောင်စဉ်က မအပ်နှံခဲ့တဲ့ စာရွက်စာတမ်းတွေကိစ္စကို စုံစမ်းမှာဖြစ်ပါတယ်။

Republicans ပါတီက အမတ်တချို့ကနေ Garland ကို အထူးစုံစမ်းစစ်ဆေးရေးအရာရှိခန့်အပ်ပြီး ဒီမိုကရက်ပါတီသမ္မတကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်း တောင်းဆိုကြပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် Kevin Mc Carthy ကလည်း ကွန်ကရက်လွှတ်တော်အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသင့်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ သမ္မတအိမ်ဖြူတော်ကတော့ စုံစမ်းစစ်ဆေးမှုမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG