သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြောက်ပိုင်းမှာ ဂျော်ဒန်စစ်လေယာဉ်များ အကူအညီများချပေး 

ဂျော်ဒန်စစ်လေယာဉ်ပေါ်ကို အကူအညီများ တင်ဆောင်နေစဉ် (နိုဝင်ဘာ ၂၆၊ ၂၀၂၄)
ဂျော်ဒန်စစ်လေယာဉ်ပေါ်ကို အကူအညီများ တင်ဆောင်နေစဉ် (နိုဝင်ဘာ ၂၆၊ ၂၀၂၄)

လူသားချင်းစာနာမှု အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ ဂါဇာ မြောက်ပိုင်းကို ကူညီတဲ့ အနေနဲ့ ဂျော်ဒန် စစ်တပ်က ၅ လတာ အတွင်း ပထမဆုံး အကြိမ် အဖြစ် အင်္ဂါနေ့မှာ စစ်လေယာဉ်တွေနဲ့ အကူအညီတွေ ချပေးခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အလိုအပ်ဆုံး ဒေသတွေ အဖြစ် သတ်မှတ်ထားတဲ့ ဒေသတွေကို စားနပ်ရိက္ခာနဲ့ တခြားသော အရေးကြီး အထောက်အကူ ပစ္စည်း ၇ တန်လောက် နီးပါး ပါတဲ့ ကုန်သေတ္တာတွေကို ဂျော်ဒန် စစ်တပ်ပိုင် C-130 လေယာဉ် ၂ စင်းနဲ့ ချပေးခဲ့တာ ဖြစ်ကြောင်း စစ်တပ်က ပြောပါတယ်။

အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ရေး အတွက် ဂျော်ဒန်က လေကြောင်းနဲ့ ကုန်းလမ်း တွေကို ဖွင့်ထားတာ ဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ် တခုက Reuters သတင်း အေဂျင်စီကို ပြောပါတယ်။ တိုက်ပွဲတွေ ရှိနေရာ ဂါဇာ မြောက်ပိုင်းကို အကူအညီတွေ မပို့နိုင်တာကြောင့် ဂါဇာမှာ အကူအညီ ပေးနိုင်မှုက လျော့နည်းလာတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူ တဦးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုထားတာပါ။ အစ္စရေးလ်နဲ့ ဟားမတ်ကြား ၂၀၂၃ ခုနှစ် အောက်တိုဘာလ အတွင်းစစ်ဖြစ်ခဲ့ချိန်ကစလို့ ဂါဇာက ပါလက်စတိုင်းတွေ အတွက် ဂျော်ဒန်က လေကြောင်းကနေ အကူအညီတွေ ချပေးနေသလို ကားတန်းနဲ့လည်း ပို့ဆောင်နေတာ ဖြစ်ပါတယ်။

ဂါဇာမြောက်ပိုင်းမှာ ဂျော်ဒန်စစ်လေယာဉ်များ အကူအညီများချပေး 
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG