သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘိုလာတွေနဲ့ အမြန်ဆုံးအပစ်ရပ်ဖို့ အစ္စရေးကို EU တိုက်တွန်း


ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး ဘေရွတ်မြို့မှာ သတင်းထောက်များနဲ့တွေ့ဆုံစဥ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၄)
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး ဘေရွတ်မြို့မှာ သတင်းထောက်များနဲ့တွေ့ဆုံစဥ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၄)

အစ္စရေးအနေနဲ့ နောက်ထပ်အကြောင်းပြချက်တွေလုပ်မနေဘဲ လက်ဘနွန်အခြေစိုက် ဟက်ဇဘိုလာ တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell ကအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါ တယ်။

အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက် လပေါင်းအတော်ကြာပြီဖြစ်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွါထွက်ပြေးနေရတဲ့ အရပ်သားတွေအတွက် အပစ်အခတ်ရပ်စဲရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့ Joshep Borrell က အီတလီနိုင်ငံမှာကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်မီ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အနေနဲ့ အခြားတောင်းဆိုချက်တွေထပ်လုပ်မနေဘဲ အပစ်ရပ်ဖို့ ဒီကနေ့ပဲသဘောတူလိမ့်မယ်လို့ သူအနေနဲ့မျှော်လင့်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ တွေနဲ့ သတ်ဖြတ်နေတာတွေ ချက်ခြင်းရပ်ပြီး ငြိမ်းချမ်းရေးအတွက် စတင်စဉ်းစားကြပါစို့လို့လည်း Josep Borell ကပြောပါတယ်။

အစ္စရေးနဲ့ ဟက်ဇဘိုလာတွေကြား အမေရိကန်ပြည်ထောင်စုကကြားဝင်ညှိနှိုင်းပေးနေပြီး အပစ် ရပ်စဲရေးဖြစ်ဖို့မျှော်လင့်ရကြောင်း တနင်္လာနေ့ကပြောခဲ့ပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် Amos Hochstein ဟာ ပြီးခဲ့ရက်ပိုင်းတွေက လက်ဘနွန်တာဝန်ရှိသူတွေနဲ့ရော အစ္စရေးတာဝန်ရှိ သူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးကြိုးပမ်းချက်ဟာ အကောင်းဖက်ကို ဦးတည်နေပါတယ်လို့ အမေရိကန်အမျိုးသားလုံ ခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ဟက်ဇ်ဘိုလာတွေနဲ့ အမြန်ဆုံးအပစ်ရပ်ဖို့ အစ္စရေးကို EU တိုက်တွန်း
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG